လူလုပ်ကျွန်းအနီး အမေရိကန်ဗုံးကြဲလေယာဉ် ပျံသန်းတာ ရန်စတာလို့ တရုတ်ပြော

  • 19 ဒီဇင်ဘာ 2015
us_bomber ဓာတ်ပုံ မူပိုင်
Image caption တရုတ်ကျွန်းတွေအနား B-52 ပျံသန်းသွား

တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ ကျွန်းတွေအနီးမှာ အမေရိကန်က B-52 ဗုံးကျဲ လေယာဉ်တွေ ဖြတ်ပြီးပျံသန်း ခဲ့တာဟာ သက်သက်ရန်စ တာပဲ ဖြစ်တယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝန်ယိက တော့ တောင်တရုတ်ပင်လယ် ထဲမှာ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ လိုတယ်လို့ပြောပါတယ်။

ဒီဒေသပြင်ပက နိုင်ငံတချို့က ဒေသတွင်း အခြေအနေ တွေကို စိုးရိမ်မှုတွေ ရှိနေကြတာကို နားလည်နိုင်ကြောင်း၊ ဒါပေမယ့် ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာစေဖို့ထက် တည်ငြိမ်မှုရှိဖို့ကို ပိုပြီး အလေးထား ဆောင်ရွက် သင့်တဲ့အကြောင်းပြောကြားသွားခဲ့ပါတယ်။

ဝါရှင်တန် ဘက်ကလည်း ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေး သွားမယ်လို့ပြောပါတယ်။

တရုတ်ဟာ အဲဒီ ပင်လယ်ပြင်ထဲမှာ သူတို့ပိုင် နယ်နမိတ် ပိုမိုခိုင်မာ လာစေဖို့အတွက် လူလုပ်ကျွန်းတွေ တည်ဆောက်နေတာဖြစ်ပါတယ်။ အမေရိကန်ဘက် ကလည်း အဲဒီ ကျွန်းတွေအနီးကို ရေတပ် သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေကို စေလွှတ်ခဲ့ပါတယ်။