ဖွံ့ဖြိုးဆဲ နိုင်ငံတွေ IMF မှာ ပြောရေးဆိုခွင့် ပိုရှိလာမယ်

  • 19 ဒီဇင်ဘာ 2015
imf ဓာတ်ပုံ မူပိုင် Getty
Image caption ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပြောရေးဆိုခွင့် ပိုရှိလာတော့မယ့် IMF

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ထဲမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပိုပြီး ပြောရေးဆိုခွင့် ပေးဖို့ အတွက် အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်က ကြိုဆိုလိုက်ပါတယ်။

အဲဒီ အပြောင်းအလဲ တွေကြောင့် ဘရာဇီးတို့ အိန္ဒိယတို့လို ဖွံ့ဖြိုးဆဲ စီးပွာရေးတွေ အနေနဲ့ မဲပေး ဆုံးဖြတ် ပိုင်ခွင့်တွေလည်း ပိုရလာမှာဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲဖို့အတွက် IMF က ၂၀၁၀ ထဲက အတည်ပြု ပေးပြီးသား ဖြစ်ပေမယ့် အမေရိကန်က ဥပဒေပြု အမတ်တွေက ဆုံးဖြတ်ချက် မပေးဘဲ ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို အပြောင်းအလဲတွေ လုပ်လာ နိုင်တော့မှာဖြစ်လို့ ကမ္ဘာ့ဘဏ္ဍာရေး လောက တည်ငြိမ်စေဖို့ ပိုမို လုပ်ဆောင် လာနိုင်မယ်လို့ IMF က ပြောပါတယ်။