မုဒိန်းသမားကို ပြန်လွတ်လာမှာကို အိန္ဒိယမှာ မတားဆီးနိုင်

  • 20 ဒီဇင်ဘာ 2015
_india_rape
Image caption ကျူးလွန်သူ ပြန်လည် လွတ်လာမယ့် အရေးကို အိန္ဒိယ အထက်ရုံးတော် အနေနဲ့လည်း မတားဆီး နိုင်။

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်မှာ လွန်ခဲ့တဲ့ ၃နှစ် က ဖြစ်ပေါ် ခဲ့တဲ့ ကျောင်းသူ တစ်ဦး ကို၊ လူအုပ်နဲ့ ဝိုင်းပြီး အဓမ္မ ကျင့် ခဲ့ကြတဲ့ အမှုထဲက ကျူးလွန် သူ တစ်ယောက် ဒီဇင်ဘာ ၂၀ရက် နေ့မှာအကျဉ်း ထောင် ကနေ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပါတယ်။

အဲဒီ့သူဟာ ကျူးလွန်စဉ်က အသက် ၁၇ နှစ် ပဲ ရှိသေးတဲ့ အတွက် အသက် မပြည့်သေးသူ ကို အများဆုံး ထောင်ဒဏ် ၃ နှစ် ပဲ ကျခံ စေနိုင် တဲ့ ဥပဒေ ရှိ နေပါတယ်။

ဒါ့ကြောင့် အဲဒီ့ ကျူးလွန်သူ ပြန်လည် လွတ်လာမယ့် အရေးကို အိန္ဒိယ အထက်ရုံးတော် အနေနဲ့လည်း မတားဆီး နိုင် ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က အသက် ၂၃ နှစ် အရွယ် Jyoti Singh ဆိုတဲ့ အမျိုးသမီးငယ် ဟာ ဘတ်စ်ကား တစ်စင်း ပေါ်မှာ ရက်ရက်စက် အုပ်စုဖွဲ့ ပြုကျင့် ခံခဲ့ရတဲ့ နောက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ