တာလီဘန် အသေခံဗုံးခွဲလို့ အမေရိကန် စစ်သားတွေ သေ

  • 21 ဒီဇင်ဘာ 2015
afghan_nato_ ဓာတ်ပုံ မူပိုင်
Image caption ဘာဂရမ် ဆိုတဲ့ လေတပ် အခြေစိုက် စခန်း အနီး နေးတိုး အဖွဲ့နဲ့ အာဖဂန် စစ်တပ် တို့ ပူးတွဲ လုပ်ဆောင်တဲ့ လှည့်ကင်း တစ်ခု ကို ပစ်မှတ် ထား။

အာဖဂန် နစ္စတန် နိုင်ငံမှာ အသေခံ ဗုံးခွဲ သမား တစ်ဦးရဲ့ လက်ချက် နဲ့ အမေရိကန် စစ်သား ၆ ဦး သေဆုံး သွားခဲ့တဲ့ အတွက် အခု လပိုင်းတွေ အတွင်း အသေအပျောက် အများဆုံး အတိုက် အခိုက် ခံခဲ့ရမှု တွေ ထဲ က တစ်ခု ဖြစ်ခဲ့ ပါတယ်။

ဘာဂရမ် ဆိုတဲ့ လေတပ် အခြေစိုက် စခန်း အနီး နေးတိုး အဖွဲ့နဲ့ အာဖဂန် စစ်တပ် တို့ ပူးတွဲ လုပ်ဆောင်တဲ့ လှည့်ကင်း တစ်ခု ကို ပစ်မှတ် ထားလို့ မော်တော်ဆိုင်ကယ် သမား က အသေခံ ဗုံးခွဲ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ တိုက်ခိုက်မှု ကို သူတို့ လုပ်ဆောင် တာ ဆိုပြီး တာလီဘန် အဖွဲ့က ကြေညာ ပါတယ်။

အာဖဂန် နစ္စတန် တောင်ပိုင်း ဟယ်လ်မန် နယ် ထဲမှာလည်း တာလီဘန် တွေက ထိုးစစ် တွေ ဆင်လာ နေချိန် မှာပဲ အခုလို ဘာဂရမ် မှာလည်း တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ