Idlib မြို့ကို လေကြောင်းစစ်ဆင်ရေး နဲ့ တိုက်ခိုက်

  • 21 ဒီဇင်ဘာ 2015
_bbc_304x171_bbc
Image caption Idlib မြို့ အပျက်အစီး

ဆီးရီးယား သူပုန်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံ အနောက်မြောက်ဖက် ရှိ Idlib မြို့ ဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း အနည်းဆုံး ၆၀ နီးပါး သေဆုံးတဲ့ အကြောင်း ကယ်ဆယ်ရေး လူပ်သားတွေ က ပြောကြပါတယ်။ သေဆုံးသူ စာရင်းဟာ ပိုပြီး တိုးလာ ဘွယ်လည်း ရှိပါတယ်။ ဒဏ်ရာ ရသူတွေ လည်း အမြောက် အမြား ရှိနေ လို့ ဖြစ်ပါတယ်။

အထူးသဖြင့် လူသူ ထူထပ်တဲ့ ဈေးတွေ၊ လူနေအိမ်တွေ နဲ့ အစိုးရ ရုံးတွေ ရှိရာ နေရာ တွေ ကို ဗုံးကြဲ ခံရလို့ပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေ အနေနဲ့ လည်း အဆောက်အအုံ အပြိုအပျက်တွေ ကြားက အသက်ရှင် ကျန်ရစ်နိုင်ဘွယ် ရှိသူတွေ ကို ကြိုးစားရှာဖွေ ကြပါတယ်။

ဒေသခံတွေ ကတော့ ဒီလေကြောင်း တိုက်ခိုက်မှု ကို ရုရှ တိုက်လေယာဉ် တွေ လက်ချက် လို့ ဆိုပေမဲ့ အတည်ပြု လို့ တော့ မရသေးပါဘူး။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ တဲ့ အဖွဲ့ကတော့ အဆိုပါ ရှောင်တခင် လေကြောင်း တိုက်ခိုက်မှု ဟာ ဆိုရင် ဒီနှစ်ဆန်းပိုင်း က သူပုန်အုပ်စုတွေ ကနေ ဆီးရီးယား အစိုးရ လက်ထဲက သိမ်းယူထားတဲ့ Idlib မြို့ ဘက် အခြမ်း ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အတွက် ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ သေဆုံးသူ အများစု ဟာလည်း သူပုန် တပ်ဖွဲ့ဝင်တွေ က များပြီး အရပ်သား တွေလည်း သေကျေ ဒဏ်ရာရသူတွေ ထဲပါဝင်ကြပါတယ်။

တဖက်မှာလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် အရ ဆီးရီးယား မှာ အပစ်အခတ်တွေ ရပ်ဆဲရေး အစီအစဉ် ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က ကြိုဆို လိုက် ပါတယ်။ ဆီးရီးယား အရေး တွေးမိ လိုက်တဲ့ အခါမှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သဘောတူညီချက် ရသွားတာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသလို ဝမ်းမြောက်ဝမ်းသာ လည်း ဖြစ်မိတဲ့ အကြောင်း အဲဒီ အတွက် ငြိမ်းချမ်းရေး ရတဲ့ အဆင့် အထိ စေ့စပ်ဆွေးနွေး နိုင်ရေးကို လည်း ဝိုင်းဝန်း ကြိုးပမ်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က မှာကြား လိုက်တာပါ။