ဆန်ဂင်း ခရိုင် တာလီဘန် လက်အောက်ရောက်

  • 23 ဒီဇင်ဘာ 2015
taliban ဓာတ်ပုံ မူပိုင် AFP
Image caption တာလီဘန်နဲ့ စစ်ဆင်နေရတဲ့ အာဖဂန်တပ်တွေ

အာဖဂန် နစ္စတန် တောင်ပိုင်းက နောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ ဆန်ဂင်း ခရိုင် တာလီဘန် လက်အောက် လုံးဝ ရောက်သွားပြီလို့ သိရပါတယ်။

ပင်မ ရဲဌာနနဲ့ ခရိုင် အစိုးရ ရုံးတွေ အားလုံး သူပုန် လက် ကျ သွားပြီလို့ ဆန်ဂင်း က အထက် လွှတ်တော် အမတ် တယောက်နဲ့ ရဲသား တယောက်က ဘီဘီစီ ကို ပြောပါတယ်။

စစ်စခန်း ထဲမှာတော့ ရာဂဏန်း နည်းနည်းပဲ ရှိတဲ့ လုံခြုံရေး တပ်သားတွေ ဝင်ပြီး ခိုလှုံ နေကြပါတယ်။

ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဒဏ်ရာရ စစ်သား အများအပြား ကိုတော့ လေကြောင်းက ကယ်ဆယ် ခဲ့ရပါတယ်။

တိုက်ပွဲ အခြေအနေ မစိုးရိမ်ရဘူးလို့ အာဖဂန် အစိုးရက ပြောကြား ခဲ့တာကိုလည်း ဒေသ အာဏာပိုင် တွေက စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြပါတယ်။

စစ်ကူ ပေးဖို့ ရောက်လာတဲ့ တပ်တွေဟာ ဘာမှ အားမကိုးရဘူးလို့လည်း သူတို့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ