အာဖဂန်နစ္စတန် စစ်တပ် ဆန်ဂင်း မှာ ထိုးစစ်ဆင်

  • 24 ဒီဇင်ဘာ 2015
sangin
Image caption ဆန်ဂင်းခရိုင် က တာလီဘန် လက်က ပြန်သိမ်း နိုင်ဖို့ အာဖဂန်စစ်တပ် က ကြိုးစားနေ

အာဖဂန်နစ္စတန် ဟဲလ်မန်း ပြည်နယ် အတွင်း က ဆန်ဂင်း ခရိုင် ကိုပြန်သိမ်းပိုက်နိုင်ဖို့အတွက် အာဖဂန်စစ်တပ်တွေဟာ တာလီဘန် စစ်သွေးကြွတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။

အမေရိကန် တိုက်လေယာဉ်တွေ ကလည်း လေကြောင်း တိုက်ခိုက်တာ ၂ ခါ လုပ်ပေးပြီး အာဖဂန် စစ်တပ်ဘက် က ဝင်ကူပေးခဲ့ပါတယ်။

ဟဲလ် မန်း ပြည်နယ်အုပ်ချုပ်ရေးမှူး မာဇာ ရာဟီမီ က အာဖဂန်တပ်တွေ အဲဒီ ခရိုင်ကို ပြန်သိမ်းနိုင်ပြီ လို့ ပြောပါတယ်။

ဒါပေမယ့် တခြား သတင်းတွေ အရတော့ တိုက်ပွဲတွေ က ဆက်ဖြစ်နေတုန်းပဲ လို့ သိရပါတယ်။

တာလီဘန်စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်တဲ့ မူလာ နာဆား လည်း သူ့နောက်လိုက် ၅၀ လောက်နဲ့အတူ တိုက်ပွဲတွေအကြား သေဆုံးသွားပြီ လို့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် တယောက် က ပြောပါတယ်။