အိန္ဒိယမှာ ရုရှားက နျူကလီယာ ဓာတ်ပေါင်းဖိုတွေ တည်ဆောက်မယ်

  • 24 ဒီဇင်ဘာ 2015
_putin_and_modi_ ဓာတ်ပုံ မူပိုင် Reuters
Image caption ပထမဆုံး ဓာတ်ပေါင်းဖို နှစ်ရုံ တည်ဆောက်ရေး အတွက် ပြင်ဆင်မှု တွေ ပြုလုပ် နေပြီ။

လာမယ့် အနှစ် ၂၀ ကာလ အတွင်း အိန္ဒိယ နိုင်ငံ ထဲမှာ ရုရှား ကနေ နျူကလီယာ ဓာတ်ပေါင်းဖို တွေ တည်ဆောက် သွားမယ် ဆိုပြီး ရုရှား သမ္မတ ပူတင် က ကြေညာ လိုက်ပါတယ်။

ပထမဆုံး ဓာတ်ပေါင်းဖို နှစ်ရုံ တည်ဆောက်ရေး အတွက် ပြင်ဆင်မှု တွေ ပြုလုပ် နေပြီ ဆိုပြီးတော့လည်း မစ္စတာ ပူတင် က ဆိုပါတယ်။

နျူကလီယာ ဓာတ်ပေါင်းဖို တွေ အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ အတော် များများ ကို အိန္ဒိယ နိုင်ငံ ထဲမှာတင် ထုတ်လုပ် တာ ဖြစ်ပါတယ်။

ရုရှား ကို အလည်အပတ် ခရီး ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ နဲ့ ပူးတွဲ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ သမ္မတ ပူတင် က နှစ် နိုင်ငံ ပူးတွဲ လုပ်ဆောင် ကြမယ့် နျူကလီယာ ဓာတ်ပေါင်းဖို တွေ တည်ဆောက် ရေး အစီအစဉ်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နဲ့ ရုရှား နှစ် နိုင်ငံကြား မဟာဗျူဟာ မြောက် ပူးပေါင်း ဆက်ဆံရေး ဟာ နက်ရှိုင်း တယ် ဆိုပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကလည်း ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ