ယာမွတ်ခ် ဒုက္ခသည်စခန်း လုံခြုံဖို့ ကုလက ကြားဝင် ညှိနှိုင်း

  • 24 ဒီဇင်ဘာ 2015
_yarmouk_ ဓာတ်ပုံ မူပိုင် AFP
Image caption တကယ်လို့ အဲဒီ့ သဘော တူညီ မှု သာ ရရှိ လာပြီ ဆိုရင် IS လက်နက်ကိုင်တွေ ကို သူတို့ရဲ့ ခြေကုပ်မြို့ ရက်ခါ ရှိရာဆီ ကို ဘေးကင်းရန်ကင်း ထွက်ခွာ သွားခွင့် ပြုလိုက် တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် ပြေငြိမ်းဖို့ ကုလသမဂ္ဂ ကနေ ကြားဝင် ညှိနှိုင်း ပေးခဲ့တဲ့ သဘော တူညီမှု ရရှိ လာခဲ့ရင် ဒမတ်စ်ကပ်စ် မြို့တော် တောင်ပိုင်း မှာ ရှိတဲ့ နယ်မြေတွေ နဲ့ ယာမွတ်ခ် လို့ ခေါ်တဲ့ ပါလက်စ္စတိုင်း ဒုက္ခသည်စခန်း တည်ရှိရာ နေရာ ကနေ ထောင် ဂဏန်း တချို့ ရှိတဲ့ ဆီးရီးယား သူပုန် တွေ နဲ့ သူတို့ရဲ့ မိသားစုဝင် တွေ ထွက်ခွာ ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ့ထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေလည်း ပါဝင် ရမှာ ဖြစ်ပါတယ်။

ဒီ သဘောတူညီ မှု အတည် ဖြစ်ဖို့ ကတော့ မတင်မကျ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပြီး ဆီးရီးယား အစိုးရနဲ့ သူပုန် အုပ်စုတွေ အားလုံးကြား သဘောတူညီ မှု ရဖို့ လိုအပ်ပါတယ်။

တကယ်လို့ အဲဒီ့ သဘော တူညီ မှု သာ ရရှိ လာပြီ ဆိုရင် IS လက်နက်ကိုင်တွေ ကို သူတို့ရဲ့ ခြေကုပ်မြို့ ရက်ခါ ရှိရာဆီ ကို ဘေးကင်းရန်ကင်း ထွက်ခွာ သွားခွင့် ပြုလိုက် တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ယာမွတ်ခ် ဒုက္ခသည် စခန်း ဘေးကင်း လုံခြုံ နိုင်ရေး နဲ့ စခန်းထဲ ပိတ်မိ နေကြဆဲ ဖြစ်တဲ့ ထောင်ပေါင်း များစွာ သော ဒုက္ခသည် တွေ ဆီ လိုအပ် တဲ့ အထောက်အပံ့ ပစ္စည်းတွေ ပို့ ဆောင် နိုင်ရေး အတွက် ဒီ သဘောတူမှု ရရှိ လာအောင် ကုလသမဂ္ဂ က ကြားဝင် ညှိနှိုင်း ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ