အိန္ဒိယ ဝန်ကြီးချုပ် ပါကစ္စတန်ကို ရောက်ရှိ

  • 25 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် ချက် ဖြစ်တယ် လို့ သုံးသပ်မှုတွေ ရှိနေ

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ပထမဦးဆုံး အကြိမ် လည်ပါတ်မှု ခရီးစဉ် အဖြစ် ပါကစ္စတန် နိုင်ငံကို ရောက်ရှိနေပါတယ်။

အခု အလည်အပါတ် ခရီးစဉ် ဟာ အိန္ဒိယ ဝန်ကြီးချုပ် တစ်ဦး ရဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံး အကြိမ် အလည်အပါတ် ခရီးစဉ် ဖြစ်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံက ပါလီမန် အဆောက်အဦး ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး အပြန် ခရီးစဉ်မှာ မစ္စတာ မိုဒီဟာ ပါကစ္စတန် နိုင်ငံကို သွားရောက် လည်ပါတ်ပြီး ဝန်ကြီးချုပ် နဝဇ် ရှာရဇ် နဲ့ မြို့တော် လာဟို မှာ တွေ့ဆုံမယ်လို့ ကိုယ်ပိုင် twitter အကောင့် ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နယူကလီးယား ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံ တို့အကြား လတ်တလော ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် ချက် ဖြစ်တယ် လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ပါကစ္စတန် နိုင်ငံက နာမည်ကျော် သတင်းထောက် တစ်ယောက်က မစ္စတာ မိုဒီရဲ့ အံ့အား သင့်ဖွယ် သံတမန်ရေး ခရီးစဉ်ကို ပါကစ္စတန် စစ်တပ် အနေနဲ့ ဘယ်လို တုံ့ပြန် မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဘီဘီစီကို ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ