ဆီးရီးယား သူပုန်ခေါင်းဆောင်တစ်ဦး ရုရှား လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး

  • 25 ဒီဇင်ဘာ 2015
Image caption ဂျေရှယ်လ် အစ္စလာမ် အဖွဲ့ ခေါင်းဆောင် ဇာရန် အလုရှ် သေဆုံး။

ဆီးရီးယား သူပုန် အုပ်စုတွေထဲက အင်အား အကြီးဆုံး ထဲ ပါဝင်တဲ့ ဂျေရှယ်လ် အစ္စလာမ် အဖွဲ့ ရဲ့ ခေါင်းဆောင် သေဆုံး စေခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု ဟာ ရုရှား တို့ရဲ့ လက်ချက် ဖြစ်တယ် ဆိုပြီး ပြောဆို နေကြ ပါတယ်။

ဆော်ဒီ အာရေဗျ နိုင်ငံ က အကြီးအကျယ် ကျောထောက် နောက်ခံ ပြု ထားတဲ့ ဂျေရှယ်လ် အစ္စလာမ် အဖွဲ့ ခေါင်းဆောင် ဇာရန် အလုရှ် ဟာ ဒမတ်စ်ကပ်စ် မြို့တော် အနီး သူပုန်တွေ ထိန်းချုပ် ထားရာ နယ် ထဲက ဌာနချုပ် ကို လေကြောင်း တိုက်ခိုက် ခံရတုန်း သေဆုံး ခဲ့ရတာ ဖြစ်တယ် လို့ ဆီးရီးယား အရေး လှုပ်ရှား နေသူတွေက ပြောပါတယ်။

သူနဲ့ အတူ ဂျေရှယ်လ် အစ္စလာမ် အဖွဲ့ ရဲ့ အဓိက အရေးပါသူ တချို့လည်း သေဆုံး သွားတယ် ဆိုတဲ့ သတင်းတွေ လည်း ရရှိ ထားပါတယ်။

အခုလို ဂျေရှယ်လ် အစ္စလာမ် အဖွဲ့ ပစ်မှတ် ထား တိုက်ခိုက် ခံရတာ ဟာ ဆီးရီးယား အစိုးရ နဲ့ ရုရှား တို့က အနာဂတ် ငြိမ်းချမ်းရေး အတွက် ဘယ် အဖွဲ့တွေကိုပဲ ဆွေးနွေးဘက် အဖြစ် သဘော ထား နိုင်သလဲ ဆိုတာ ကို ပြသလိုက် တဲ့ အဓိပ္ပာယ် ဖြစ်တယ် ဆိုပြီး အရှေ့ အလယ်ပိုင်း ဒေသ ဆိုင်ရာ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ