ယာမွတ်ခ်ကနေ သူပုန်တွေ ထွက်သွားဖို့ ဘတ်စ်ကားတွေ ရောက်လာပြီ

  • 25 ဒီဇင်ဘာ 2015
yarmouk ဓာတ်ပုံ မူပိုင်
Image caption ယာမွတ်ခ် စခန်း ရှိရာ ကနေ ဘေးကင်း ရန်ကင်း ထွက်ခွာ ခွင့် ရခဲ့ ကြတဲ့ လက်နက် ကိုင် တွေ ထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ နဲ့ အယ်လ်နူစရာ တပ်ဦး အဖွဲ့လို့ အစ္စလာမ်မစ် တွေ အများအပြားလည်း ပါဝင်။

ဒမတ်စ်ကပ်စ် မှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေ နေထိုင်ရာ ယာမွတ်ခ် စခန်း ကနေ ဆီးရီးယား သူပုန်တွေ နဲ့ သူတို့ရဲ့ မိသားစု၀င် တွေ ကို တင်ဆောင် ခေါ်ယူဖို့ အတွက် ဘတ်စ်ကားတွေ ဆိုက်ရောက် လာခဲ့ ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ က ကြားဝင် ညှိနှိုင်း ပေးခဲ့တဲ့ သဘော တူညီမှု အရ သူပုန်တွေ ကို အဲဒီ့ နေရာ ကနေ ထွက်ခွာ သွားခွင့် ပေးထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် စနေနေ့မှာ ဘတ်စ်ကားတွေ ယာမွတ်ခ် စခန်း ကနေ ထွက်ခွာ မယ် ဆိုပြီး မျှော်လင့်ရတယ် လို့ ညှိနှိုင်း မှုတွေ ပြုလုပ်တုန်း က နီးနီးကပ်ကပ် ရှိခဲ့သူ တွေက ပြောပါတယ်။

ဒါပေမယ့် ခွင့်ပြုတဲ့ အချိန် ကာလ အတိုင်းအတာ အတိတကျ ဟာ ရှင်းရှင်းလင်းလင်း မရှိ သေးသလို၊ ညှိနှိုင်းမှု တွေ ဆက်လက် ပြုလုပ် နေဆဲ့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခုလို ယာမွတ်ခ် စခန်း ရှိရာ ကနေ ဘေးကင်း ရန်ကင်း ထွက်ခွာ ခွင့် ရခဲ့ ကြတဲ့ လက်နက် ကိုင် တွေ ထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ နဲ့ အယ်လ်နူစရာ တပ်ဦး အဖွဲ့လို့ အစ္စလာမ်မစ် တွေ အများအပြားလည်း ပါဝင်ပါတယ်။

အပြန်အလှန် အနေနဲ့ ယာမွတ်ခ် စခန်းထဲ ပိတ်မိနေကြတဲ့ ပါလက်စတိုင်း အများစု ဖြစ်တဲ့ ဒုက္ခသည်တွေ အတွက် အင်မတန် လိုအပ် နေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ကို ကုလ သမဂ္ဂ က ပို့ဆောင် ပေး နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ