သြစတြေးလျမှာ တောမီးလောင်

  • 26 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption အချို့နေရာတွေဟာ မီးသတ် ကား တွေ ဝင်လို့ မရ

ဩစတြေးလျ နိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်မှာ တောမီး လောင်ကျွမ်းမှု ကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ရပါတယ်။

ကမ္ဘာ့လှည့် ခရီးသည်တွေ အများအပြား လာရောက် လည်ပါတ်ရာ ဝိုင်း မြစ် နဲ့ အနီးတစ်ဝိုက်က နေရာ တွေဟာ မီးလောင်မှု ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရပါတယ်။

တောမီးလောင် ကျွမ်းမှုကြောင့် ခရစ္စမတ် အားလပ် ရက်အတွင်း လာရောက် လည်ပါတ် ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ အဆိုပါ ဒေသမှာ နေထိုင်ကြတဲ့ လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

အချို့နေရာတွေဟာ မီးသတ် ကား တွေ ဝင်လို့ မရတဲ့ အတွက် လေကြောင်း ကနေ မီးငြိမ်းသတ်ဖို့ ဆောင်ရွက်နေရပြီး မိုး ရွာသွန်းခဲ့တာကြောင့် မီး လောင်ကျွမ်း မှု အတန်ငယ် လျော့ပါး သွားတယ်လို့ ထင်မြင် ရကြောင်း မီးသတ် ဝန်ထမ်း တစ်ဦး က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ