ဗြိတိန် တချို့အရပ်တွေမှာ ရေဘေး အန္တရာယ်အဆင့် ၂ ဆ တိုး

  • 26 ဒီဇင်ဘာ 2015
_floods_in_britain ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိန် နိုင်ငံ မြောက်ပိုင်း ဒေသတွေ မှာ မိုးကြီးနေ။

ဗြိတိန် နိုင်ငံ မှာလည်း မိုးကြီးလို့ အခု သီတင်းပတ်တွေ အတွင်း အကြီးအကျယ် ရေလွှမ်း ခံခဲ့ရပြီး ဖြစ်တဲ့ အရပ် ဒေသတွေ မှာ အခု တခါ ထပ်ပြီး အန္တရာယ် သတိပေး အဆင့် ကို နှစ်ဆ တိုးမြှင့် သတ်မှတ် လိုက်ကာ လူတွေ ရာဂဏန်း တချို့ကို နေအိမ်တွေကနေ ပြောင်းရွှေ့ ပေး ခဲ့ရပါတယ်။

တချို့ အရပ် တွေမှာဆို လူ့ အသက် ဆုံးရှုံး နိုင်တဲ့ အထိ ရေဘေး အန္တရာယ် ကြုံရနိုင်တယ် ဆိုပြီး အနီရောင် အဆင့်ထိ သတ်မှတ် ထားပါတယ်။

အိုးအိမ်တွေ ကို စွန့်ထားခဲ့ပြီး ရေဘေး လွတ်ရာ အမြင့်ကို တက်နေကြဖို့ အင်္ဂလန် အနောက်မြောက်ပိုင်းက မြို့ တချို့ မှာ အာဏာပိုင်တွေက သတိပေး ထားပါတယ်။

အဲဒီလို သတိပေး မှုတွေ အသီးသီး ပြုလုပ် ထားတဲ့ နေရာပေါင်း အင်္ဂလန်၊ ဝေလနယ် နဲ့ စကော့တလန် တို့ တဝှမ်း မှာ စုစုပေါင်း ၃၃၅ နေရာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ