အီရတ်မြို့ ရာမာဒီကို IS တွေလက်ထဲက ပြန်ရဖို့ ရှေ့တိုး တိုက်ခိုက်နိုင်

  • 26 ဒီဇင်ဘာ 2015
ramadi_ ဓာတ်ပုံ မူပိုင် AP
Image caption ရာမာဒီ ရဲ့ တစ်လမ်းချင်းစီ အလိုက် တဖြည်းဖြည်းချင်း IS တွေကို ဖိတိုက်ပြီး ရှေ့ကို တိုး လာ နိုင်။

အီရတ်နိုင်ငံမှာ အမေရိကန် လေကြောင်း ပစ်ကူ တွေ နဲ့ ရာမာဒီ မြို့သိမ်းပွဲ ဆင်နွှဲ နေတဲ့ အစိုးရ တပ်ဖွဲ့တွေဟာ ရာမဒီ ရဲ့ တစ်လမ်းချင်းစီ အလိုက် တဖြည်းဖြည်းချင်း IS တွေကို ဖိတိုက်ပြီး ရှေ့ကို တိုး လာ နိုင်ပါတယ်။

အခုဆိုရင် ရာမာဒီ မြို့ အခြေစိုက် ပြည်နယ် အစိုးရ အဆောက်အဦဝင်းနဲ့ ကိုက် ၅၀၀ ကျော် အကွာထိ ရောက် လာ နိုင်ပြီလို့ သတင်းတွေ ရရှိ ထားပါတယ်။

အဲဒီ့ ဝင်းဟာ ရာမာဒီ မြို့မှာ ရှိနေဆဲ လက်ကျန် IS တွေ ရဲ့ အဓိက ခြေကုပ် ယူထားတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။

IS လက်ဖြောင့် တပ်သားတွေ ရဲ့ရန် အပါအဝင် အသေခံ ဗုံးခွဲမှု တွေ၊ မိုင်းဗုံး တွေ ကြောင့် တိုးတက်မှု နှေးကွေး နေရပေမယ့် ရက် အနည်းငယ် အတွင်းမှာပဲ ရာမဒီ တမြို့လုံးကို အပြည့်အဝ ထိန်းချုပ် နိုင်ဖို့ ယုံကြည် တယ် လို့ အီရတ် စစ်တပ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ