ယားမောက်က သူပုန်တွေထွက်ခွာဖို့အစီအစဉ်ရပ်

  • 26 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ဇာရန်း အလုရှ် လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး တာကြောင့်လို့ဆို

ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကတ် တောင်ပိုင်းက ယားမောက် ဒုက္ခသည် စခန်း က သူပုန် တွေနဲ့ သူတို့ ရဲ့ မိသားစု တွေကို ပြောင်းရွှေ့ ပေးဖို့ အစီအစဉ် ကို ရပ်ဆိုင်း ထားပါတယ်။

အစောပိုင်း ကာလ တွေတုန်းက အဆိုပါ ဒုက္ခသည် စခန်းမှာ ရောက်ရှိနေတဲ့ ဆီးရီးယား သူပုန်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပြောင်းရွှေ့ဖို့ အတွက် ဘတ်စ် ကားတွေဟာ စခန်း ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရဲ့ ညှိနှိုင်းပေးမှုကြောင့် ဒုက္ခသည် စခန်းက ဆီရီးယား သူပုန်တွေ ဟာ နိုင်ငံ ရဲ့ အခြား နေရာ က သူပုန်တွေ ထိန်းချုပ် ရာ ဒေသ ကို ထွက်ခွာခွင့် ရရှိမှာ ဖြစ်ပါတယ်။

အပြန် အလှန် ညှိနိုင်း ချက်တွေ အရ ကုလသမဂ္ဂ အဖွဲ့ဟာ ယားမောက်က ဒုက္ခသည် တွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆေးပေးဖို့ အတွက် ပြန်လည် ကူညီခွင့် ရရှိမှာ ဖြစ်ပါတယ်။

အခုလို ရပ်ဆိုင်း လိုက်တာ ဟာ ဆီးရီးယား သူပုန် ခေါင်းဆောင် ဇာရန်း အလုရှ် လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး တာကြောင့် ဖြစ်နိုင် သလို ပို့ဆောင်ရေး စီစဉ် ဆောင်ရွက်မှု အကြောင်းပြချက် တစ်ခုခု ကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ