ရာမာဒီက IS တွေ ဆုတ်ခွာနေ

  • 27 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ထောင်ချောက်ဗုံးတွေ တပ်ဆင်ထားခဲ့မှာကို စိုးရိမ် တဲ့ အတွက် သတိ ထားနေရဆဲ

ရာမာဒီ မြို့က အစိုးရ ရုံးတွေကနေ အစ္စလာမ်မစ် နိုင်ငံ IS တပ်ဖွဲ့ဝင်တွေဟာ ဆုတ်ခွာ သွားခဲ့ပြီ ဖြစ်ကြောင်း အီရတ် စစ်တပ် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

IS အဖွဲ့ဝင် တွေဟာ အီရတ် စစ်တပ်ကို ခုခံ ဖို့ အတွက် အစိုးရ စုပေါင်းရုံး အဆောက်အဦးကို ခံတပ် သဖွယ် အသုံးပြုခဲ့ပါတယ်။

အခုတော့ အီရတ် စစ်တပ်ဟာ အဆိုပါ အစိုးရ စုပေါင်း ရုံး အတွင်းကို ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပမယ့် IS အဖွဲ့တွေဟာ သေဆုံးပြီးသား လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထောင်ချောက်ဗုံးတွေ တပ်ဆင်ထားခဲ့မှာကို စိုးရိမ် တဲ့ အတွက် သတိ ထားနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရ စစ်တပ်ဟာ ရာမာဒီ မြို့ကို သိမ်းပိုက် နိုင်ဖို့ အလွန် နီးစပ်တဲ့ အနေအထားကို ရောက်နေပြီ လို့ အီရတ် နိုင်ငံမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ