ရာမာဒီမြို့ အချက်အခြာ အစိုးရဝင်းကို ပြန်သိမ်းနိုင်ပြီလို့ အီရတ်အစိုးရတပ် ပြော

  • 27 ဒီဇင်ဘာ 2015
ramadi_recapture
Image caption ရာမာဒီ ကို ပြန်လည် သိမ်းပိုက် လိုက်နိုင်တာဟာ အီရတ် နိုင်ငံထဲ IS အဖွဲ့နဲ့ တိုက်နေရတဲ့ စစ်ပွဲ မှာ အီရတ် အစိုးရတပ် အတွက် အရေးပါဆုံး အောင်ပွဲ တစ်ခုဖြစ်။

အီရတ် နိုင်ငံ ရာမာဒီ မြို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS တွေ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ဖို့ ကြိုးစား နေတဲ့ အီရတ် အစိုးရ စစ်တပ်က အခုဆိုရင် ရာမာဒီ မြို့ထဲ လက်ကျန် IS တွေ အဓိက ခြေကုပ်ယူ ခုခံ နေတဲ့ အစိုးရ အဆောက်အဦတွေ ရှိရာ ဝင်းကြီးကို အပြည့်အဝ ထိန်းချုပ် နိုင်ပြီလို့ ပြောပါတယ်။

အဲဒီ့ အစိုးရ ဝင်းထဲ ကနေ IS တွေ ဆုတ်ခွာ သွားပြီ လို့ ယူဆ ရပေမယ့် သူတို့ ထောင် ထားရစ် ခဲ့တဲ့ ဗုံးတွေ ကတော့ နေရာ အနှံ့ ရှိ နေနိုင် ပြီး၊ အစိုးရ တပ် အနေနဲ့ အကုန်အစင် မရှင်းလင်း နိုင်သေး ပါဘူး။

ဒါ့အပြင် အနီးတဝိုက် ရပ်ကွက်တွေ မှာလည်း တိုက်ပွဲငယ်တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ရာမာဒီ ကို ပြန်လည် သိမ်းပိုက် လိုက်နိုင်တာဟာ အီရတ် နိုင်ငံထဲ IS အဖွဲ့နဲ့ တိုက်နေရတဲ့ စစ်ပွဲ မှာ အီရတ် အစိုးရတပ် အတွက် အရေးပါဆုံး အောင်ပွဲ တစ်ခုဖြစ်တယ် လို့ သတင်းထောက် တွေ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ