ဟိုက်ပါစခန်းမှာ ဒုက္ခသည်တွေ သောင်တင်ဆဲ

  • 27 ဒီဇင်ဘာ 2015
shan_refugees_ ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး ကြန့်ကြာ နှောင့်နှေး နေ။

အစိုးရ စစ်တပ်နဲ့ ရှမ်းပြည် ဒေသခံ လက်နက်ကိုင် တပ်တွေ အကြား ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း က စလို့ တိုက်ပွဲတွေ ပြင်းထန် ခဲ့စဉ် တုန်းက မိမိတို့ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ ဒေသခံ ကျေးရွာ တချို့က ဒုက္ခသည် တွေ ဟာ ဟိုက်ပါ စခန်း မှာ ဆက်လက် သောင်တင် နေကြ ရပါတယ်။

ဒေသခံ ပလောင် နဲ့ ရှမ်းရွာတွေက လူတွေဟာ သူတို့ ရဲ့ လယ်မြေတွေ ကျွဲ၊ နွားတွေ ကို ချန်ထား ခဲ့ရပြီး ဟိုက်ပါ စခန်းမှာ စုဝေး ခိုလှုံ နေရ တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့တဲ့ အရှိန် ကြောင့် အခုထက်ထိ မိမိတို့ နေရပ် ကို မပြန်ရဲသေးပဲ ကြောက်ရွံ့ နေဆဲ ရွာသားတွေ ရှိနေ ကြသလို၊ အရဲစွန့် ပြန်သွား သူတွေ ထဲမှာလည်း အစိုးရ စစ်တပ်က ဟိုက်ပါ မှာပဲ နေဦး ဆိုပြီးပြန်လွှတ် ခံရသူတွေ ရှိတယ် ဆိုပြီး ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် ပေးနေသူ တွေက ဘီဘီစီ ကို ပြောပါတယ်။

အခုဆိုရင် ဟိုက်ပါ စခန်းမှာ တာဆန်ဖူး ဆိုတဲ့ ရှမ်းရွာ ကသူတွေ၊ ကွမ်းနိမ် နဲ့ နမ့်ပန်မူး ဆိုတဲ့ ပလောင်ရွာက သူတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လောလောဆယ် တိုက်ပွဲတွေ မရှိသေး ပေမယ့် အစိုးရနဲ့ ဒေသခံ ရှမ်း လက်နက်ကိုင် တွေနဲ့ ကြား နှစ်ဘက်တပ် နေရာချ ရေး အပါအဝင်ရေရှည် ငြိမ်းချမ်းရေး အတွက် အပြီးသတ် သဘောတူမှု တွေ ထွက်ပေါ် မလာသေးတဲ့ အတွက် လုံခြုံရေး အတွက် အာမခံချက် မရှိသေး သလို၊ စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး မှာလည်း ကြန့်ကြာ နှောင့်နှေး နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ