အီရန်က ယူရေနီယံ ရုရှားကိုပို့တာကို ‘ကန်’ ကြိုဆို

  • 28 ဒီဇင်ဘာ 2015
iran,uranium, ဓာတ်ပုံ မူပိုင် MEHR
Image caption ဇူလိုင်လတုန်းက အီရန်အရေး ဆွေးနွေးပွဲ

အီရန်ဟာ နျူကလီးယားနဲ့ပတ်သက်တဲ့ သူ့ရဲ့ကတိကဝတ်တွေကို အကောင်အထည်ဖော်လိုက်နာမယ့် ခြေလှမ်းသစ် စလှမ်းနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

အီရန်ဟာ ယူရေနီယံသတ္တု ပမာဏအများအပြားကို ပြည်ပကို ပို့ပေးခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ရုရှားနိုင်ငံကို ကောင်းကောင်း မသန့်စင်ရသေးတဲ့ ယူရေနီယံသတ္တု ၁၁ တန်ကျော် ပို့ခဲ့ပါတယ်။

ဇူလိုင်လတုန်းက ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ သဘောတူညီမှုမှာ အီရန်ဟာ ကောင်းကောင်းမသန့်စင်ရသေးတဲ့ ယူရေနီယံ ကီလိုဂရမ် ၃၀၀ ထက် ကျော်ပြီး လက်ဝယ် မထားဘူးလို့ ကတိပေးခဲ့ပါတယ်။

နောက်ပြီး အဲဒီတုန်းက အီရန်ဟာ ယူရေနီယံသန့်စင်ရာမှာ အသုံးပြုတဲ့ စက်အရေအတွက်ကိုလည်း သိသိသာသာ လျော့ချဖို့ နဲ့ ဓာတ်ပေါင်းဖိုကို ပြင်ဆင်ပြီးနောက် ပလူတိုနီယံထုတ်လုပ်မှု လျှော့ချဖို့ပါ သဘောတူခဲ့ပါတယ်။