ဂီနီမှာ အီဘိုလာ ကင်းပြီလို့ WHO ပြော

  • 29 ဒီဇင်ဘာ 2015
Image caption လူတွေမှာ ကူးဆက်မှု မရှိအောင် တားဆီး နိုင်ပြီလို့ WHO က ပြောကြား

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဂီနီ နိုင်ငံမှာ အီဘိုလာ ရောဂါ ကင်းစင် သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အာဖရိက တိုက် အနောက်ပိုင်း ဂီနီ နိုင်ငံ ကနေ စတင်ခဲ့တဲ့ အီဘိုလာ ရောဂါ ဟာ လိုက်ဘေးရီးယား နဲ့ ဆီရီယာ လီယွန် နိုင်ငံ တို့ အထိ ပျံ့နှံခဲ့ပြီး လူပေါင်း တစ်သောင်း တစ်ထောင် ကျော် သေဆုံးခဲ့ရပါတယ်။

ဒီနေ့ ပြောနေတာက လူတွေမှာ အီဘိုလာ ရောဂါ ကူးစက်မှုကို တိုက်ဖျက် နိုင်ခဲ့တာကို ပြောနေတာ ဖြစ်ပြီး အီဘိုလာ ရောဂါ ပျောက်ကွယ် သွားပြီလို့ ပြောနေတာ မဟုတ်ပါဘူး လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ပြောရေး ဆိုခွင့် ရှိသူ က ပြောပါတယ်။

အီဘိုလာ ရောဂါ ကူးစက် ခံခဲ့ရသူတွေကို အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်နေ ကြောင်း ကိုလည်း ဆက်လက် ပြောကြား သွားခဲ့ပါတယ်။

အီဘိုလာ ရောဂါ ကင်းစင်တဲ့ အထိမ်းအမှတ် အဖြစ် ဂီနီ နိုင်ငံမှာ မီးရူး မီးပန်းတွေ ပစ်ဖောက်ပြီး လူတွေဟာ ပျော်ပွဲ ရွှင်ပွဲ တွေ ကျင်းပ နေကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေက လိုက်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ရောဂါဟာ ပျောက်လိုက် ပေါ်လိုက် ပြန်ဖြစ် နေတာကြောင့် သတိပေးမှုတွေ ပြုလုပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ