ပါကစ္စတန်မှာအသေခံဗုံးခွဲလို့ လူ ၁၂ ဦးသေ

  • 29 ဒီဇင်ဘာ 2015
Image caption လူ ၁၂ ယောက် သေဆုံးပြီး အနည်းဆုံး လူ ၆၀ လောက် ဒဏ်ရာ ရရှိခဲ့

ပါကစ္စတန် နိုင်ငံ မာဒန် မြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့လို့ လူ ၁၂ ယောက် သေဆုံးပြီး အနည်းဆုံး လူ ၆၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

မာဒန် မြို့က အစိုးရ ရုံးဝင်း တစ်ခုမှာ မှတ်ပုံတင် ထုတ်ယူဖို့ တန်းစီ နေတဲ့ လူအုပ်ကြား ထဲကို မော်တော်ဆိုင်ကယ် နဲ့ မောင်းနှင် ဝင်ရောက်ခဲ့ပြီး ဗုံးဖောက်ခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲ ခဲ့ရာ နေရာမှာ အပျက်အစီးတွေ ပျံ့နှံနေပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ မြင်ကွင်း ကို တွေ့မြင် ခဲ့ရကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝက် ရှာရဇ်က အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန် မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ