မိုင်း လုပ်သားတွေ အသက်ရှင်လျက် ရှိနေ

  • 30 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ပိတ်မိနေတဲ့ အလုပ်သမားတွေကို ဆက်သွယ် နိုင်ခဲ့

တရုတ် နိုင်ငံက ပလာစတာ ကျောက် ထုတ်လုပ်ရာ မိုင်းတွင်း ထဲက ပိတ်မိ နေတဲ့ အလုပ်သမား ၈ ယောက်ကို အသက်ရှင်လျက် တွေ့ရှိပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေပါတယ်။

မိုင်းတွင်းမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ဆက်သွယ် နိုင်ခဲ့တာ ဖြစ်ပြီး သူတို့ကို ကယ်တင် နိုင်ဖို့တော့ ကြိုးစား နေရဆဲ ဖြစ်ပါတယ်။

အလုပ်သမား ရှစ်ယောက် မိုင်းတွင်းထဲမှာ အသက်ရှင် ရပ်တည် နိုင်ဖို့ အတွက် အထောက်အကူပြု ပစ္စည်း တွေ ပေးပို့ နိုင်ဖို့ ကြိုးစား နေကြပါတယ်။

တရုတ် နိုင်ငံ မြေငလျင် တိုင်းတာရေး ဌာနကတော့ အရှေ့ပိုင်း ရှန်ဒေါင်း ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်း ပြိုကျမှုဟာ ဆိုးရွား ပြင်းထန် ခဲ့တယ်လို့ ပြောပါတယ်။

မိုင်းတွင်း အလုပ်သမား ကိုးယောက် ပျောက်ဆုံးနေပြီး တစ်ယောက်ကတော့ သေဆုံး ခဲ့ပြီလို့ ယူဆ ရပါတယ်။

မိုင်းတွင်း ပြိုကျပြီး ၂ ရက် အကြာမှာတော့ ပိုင်ရှင်ဟာ မိုင်းတွင်း ထဲကို ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ