ကော့စ်ဘီကို လိင်ပိုင်းကျူးလွန်မှု ပုဒ်မနဲ့ တရားစွဲပြီ

  • 30 ဒီဇင်ဘာ 2015
_bill_cosby ဓာတ်ပုံ မူပိုင် Getty
Image caption နှစ်ဦး သဘောတူ လိင်ပိုင်း ဆိုင်ရာ ထိတွေ့မှု ရှိခဲ့တယ် လို့ ၂၀၀၅ ခုနှစ်မှာ မစ္စတာ ကော့စ်ဘီက ကျမ်းကျိန် ထွက်ဆို ခဲ့။

အမေရိကန် ပြည်ထောင်စု က နာမည်ကျော် ဟာသ ပညာရှင် ဘီလ်ကော့စ်ဘီ ကို လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုမှု ပုဒ်မ တွေ တပ်ပြီး ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် က အစိုးရရှေ့တွေ က တရား စွဲဆို လိုက် ပါတယ်။

အသက် ၇၈ နှစ် အရွယ် မစ္စတာ ကော့စ်ဘီ ဟာ သူ့အချိန် သူ့အခါ တုန်းက ကမ္ဘာပေါ်မှာ အနုပညာကြေး အကြီးဆုံး ရခဲ့သူ ဖြစ် ပြီး လူသိများ အထင်ရှားဆုံး ဖျော်ဖြေရေး အနုပညာရှင် တွေထဲ ပါဝင်သူ ဖြစ်ပါတယ်။

မစ္စတာ ကော့စ်ဘီဟာ ၂၀၀၄ ခုနှစ် တုန်းက ဖီလာဒဲဖီးယားမြို့အနီးက သူ့ရဲ့ နေအိမ်မှာ အဲန်ဒရီယာ ကော့စ်စတန်း ဆိုတဲ့ အမျိုးသမီးကို ဆေးခတ်ပြီး လိင်ပိုင်း ဆိုင်ရာ စော်ကားခဲ့တယ် ဆိုပြီး စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ နှစ်ဦး သဘောတူ လိင်ပိုင်း ဆိုင်ရာ ထိတွေ့မှု ရှိခဲ့တယ် လို့ ၂၀၀၅ ခုနှစ်မှာ မစ္စတာ ကော့စ်ဘီက ကျမ်းကျိန် ထွက်ဆို ခဲ့ပြီး၊ အခုတော့ မစ္စတာ ကော့စ်ဘီကို ပထမဆုံး အကြိမ် ရာဇဝတ်မှု ပုဒ်မတပ်ပြီး တရားစွဲဆို လိုက်တာပါ။

အဲဒီ့ အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်အသစ်တွေ ဒီနှစ် နွေရာသီတုန်းက ထပ်မံ ပေါ်ထွက် လာတဲ့ အတွက် အမှုကို ပြန်လည် ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ