နှစ်သစ်ကူး အကြိုည မီးပန်းဖောက်ပွဲ ဘရပ်စ်ဆဲလ်မှာ ပယ်ဖျက်

  • 30 ဒီဇင်ဘာ 2015
_military_police_patrol_the_brussels- ဓာတ်ပုံ မူပိုင် AFP
Image caption နှစ်သစ်ကူး အကြိုည မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ ကြံစည်နေတယ် ဆိုပြီး သံသယ ရှိရတဲ့ အတွက် အခု သီတင်းပတ် အစောပိုင်း ကပဲ လူ နှစ်ဦးကို ဘရပ်ဆဲလ်စ် မြို့တော်မှာ ဖမ်းဆီး ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံ မြို့တော် ဘရပ်ဆဲလ်စ် မှာ အကြမ်းဖက် တိုက်ခိုက် ခံရနိုင်တဲ့ အန္တရာယ် စိုးရိမ်မှုကြောင့် နှစ်သစ်ကူး အကြို ပြုလုပ် နေကြ ဖြစ်တဲ့ မီးရှုးမီးပန်းတွေ ပစ်ဖောက် တဲ့ ပွဲကို ပယ်ဖျက် လိုက်ပါတယ်။

ဖြစ်ပေါ် နိုင်တဲ့ အန္တရာယ် နဲ့ ပတ်သက်ပြီး စိစစ် ပိုင်းခြားမှု တွေ ပြုလုပ်ကာ အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ် လို့ ဘရပ်ဆဲလ်စ် မြို့တော်ဝန် အီဗော်န် မေယော က ပြောပါတယ်။

နှစ်သစ်ကူး အကြိုည မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ ကြံစည်နေတယ် ဆိုပြီး သံသယ ရှိရတဲ့ အတွက် အခု သီတင်းပတ် အစောပိုင်း ကပဲ လူ နှစ်ဦးကို ဘရပ်ဆဲလ်စ် မြို့တော်မှာ ဖမ်းဆီး ခဲ့ပါတယ်။

ဂျာမနီ နိုင်ငံ က ရွှေ့ပြောင်း ဝင်ရောက်သူတွေ အတွက် ဒုက္ခသည် စခန်း တွေ တည်ရှိရာ အာ့န်စ်ဘာ့ဂ် ဆိုတဲ့ မြို့မှာလည်း နှစ်သစ်ကူး အကြိုည မီးရှုးမီးပန်း ပစ်ဖောက်တာ တွေ ကို စခန်းတွေ အတွင်း မှာရော၊ ပတ်ဝန်းကျင် မှာပါ မပြုလုပ်ဖို့ သက်ဆိုင်ရာ က အမိန့် ထုတ်ထားပါတယ်။

စစ်ဖြစ်ပွားရာ ဒေသတွေကနေ ထွက်ပြေး လာရသူတွေ အတွက် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ဟာ ကြောက်ရွံ့ ထိတ်လန့်မှု တွေ ဖြစ်ပေါ် စေနိုင် တဲ့ အတွက်ကြောင့် အခုလို တားမြစ် ရတာ ဖြစ်တယ် ဆိုပြီး မြို့ခံ အာဏာပိုင် တွေက ပြောပါတယ်။

ဒါ့ကြောင့် စခန်းတွေ အတွင်း ဗျောက်အိုး နဲ့ မီးရှုးမီးပန်းတွေ မရောင်းဝယ် ရဘူး ဆိုပြီးတော့လည်း အမိန့် ထုတ်ထား ပါတယ်။

မဲန်းဟိုင်းမ် ဆိုတဲ့ နောက်ထပ် ဂျာမန်မြို့ တစ်မြို့မှာလည်း နှစ်သစ်ကူး အကြို အနေနဲ့ ပေါက်ကွဲသံ လိုမျိုး ဆူညံသံ တွေ ထွက်လာလိမ့်မယ် ဆိုပြီး အာရပ် ဘာသာ စကား နဲ့ ရေးထားတဲ့ စာတွေ ဖြန့်ဝေလို့ ဒုက္ခသည်တွေကို ကြိုတင် အသိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ