အွန်လိုင်း ဘလော့ခ်ဂါ သတ်သူကို သေဒဏ်ချ

  • 31 ဒီဇင်ဘာ 2015
Image caption အာမက် ရာဂျစ် ဟိုင်ဒါ ရဲ့ ဖခင် ဖြစ်သူက အခု ပြစ်ဒဏ်ဟာ မပြည့်စုံဘူးလို့ပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တရားရုံး တစ်ခုက အွန်လိုင်း ဘလော့ခ်ဂါ ကို သတ်မှု အတွက် လူ ၂ ဦးကို သေဒဏ် အပြစ်ပေး လိုက်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကတော့ တရားခံပြေး ဖြစ်ပြီး မျက်ကွယ် သေဒဏ် ချမှတ် ခံရတာ ဖြစ်ပါတယ်။

အဆိုပါ ပြစ်ဒဏ် ကျခံရသူ ၂ ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဘာသာရေး အကြောင်းတွေ ဝေဖန် ရေးသားနေသူ အွန်လိုင်း ဘလော့ဂ်ဂါ တစ်ဦးကို သတ်ဖြတ်မှု အတွက် အခုလို အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

ဘလော့ခ်ဂါ အာမက် ရာဂျစ် ဟိုင်ဒါ ဟာ သူ့ရုံးခန်းထဲမှာ ရှိနေစဉ် လူတစ်စု ရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး အခြား ကျူးလွန်သူ ခြောက်ဦး ကိုလည်း တရားရုံးက အသီသီး ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

အာမက် ရာဂျစ် ဟိုင်ဒါ ရဲ့ ဖခင် ဖြစ်သူက အခု ပြစ်ဒဏ်ဟာ မပြည့်စုံပါဘူး။ အခြား ငါးယောက်က ကျူးလွန်ကြောင်း ဝန်ခံ ထားပါတယ်။ သက်သေတွေလည်း ရှိပါတယ်။ သူတို့ဟာ လူသတ်မှု ကျူးလွန် ကြသူ တွေပါပဲလို့ ပြောကြားခဲ့ပါတယ်။

အစ္စလာမ်မစ် ခေါင်းဆောင်တွေဟာ စစ် ရာဇဝတ်မှုတွေကို ကျူးလွန် ကြသူတွေ ဖြစ်ကြောင်း ဝေဖန် ရေးသား ခဲ့သူ အာမက် ရာဂျစ် ဟိုင်ဒါ အသတ်ခံ ရမှုကြောင့် နိုင်ငံ တကာမှာ ဟိုးလေးတကြော် ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြစ်တင် ဝေဖန် ခဲ့ကြပါတယ်။  

ဒီသတင်းနဲ့ပတ်သက်သမျှ