ဥရောပမြို့တော်တွေမှာ လုံခြုံရေး တင်းကျပ်

  • 31 ဒီဇင်ဘာ 2015
Image caption ရုရှ နိုင်ငံ မော်စကို မြို့က ရင်ပြင်နီကို အများပြည်သူ ဝင်ရောက်ခွင့် ပိတ်ပင် ထား

နှစ်သစ်ကူး အကြို ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပ ကြမဲ့ ဥရောပ နိုင်ငံက မြို့တော် တွေမှာ လုံခြုံရေး ၂ ဆ တိုးမြှင့် ချထား လိုက်ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာတော့ နှစ်သစ်ကူး ပွဲတော်မှာ တိုက်ခိုက်မယ်လို့ သံသယ ရှိသူ ၂ ဦးကို ဖမ်းဆီး ခဲ့ပြီး နောက်မှာ နှစ်သစ်ကူး ပွဲ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။

ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်မှာတော့ မီးရှူး မီးပန်း ဖောက်ပြီး နှစ်သစ်ကူး ပွဲ ကျင်းပ မယ့် အစီအစဉ် ကို ဖျက်သိမ်း ခဲ့ပေမယ့် အထင်ကရ နေရာ တစ်ခု ဖြစ်တဲ့ ရှောင်ဇေ လီဇေ လမ်းမကြီး ကိုတော့ ဖွင့်လှစ် ထားမယ် လို့ ပဲရစ် မြို့တော် ဝန် က ပြော ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခံရဆဲ ဖြစ်ပြီး ဒါကို အားလုံးလဲ အသိပါ လို့ ပြင်သစ် ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူက ပြောပါတယ်။

ရုရှ နိုင်ငံ မော်စကို မြို့က ရင်ပြင်နီကို အများပြည်သူ ဝင်ရောက်ခွင့် ပိတ်ပင် ထားပြီး လုံခြုံရေးတွေ တိုးမြှင့် ချထား လိုက်ပါတယ်။

ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြသူတွေ လို့ သံသယ ရှိသူ လူ၁၀ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ