နှစ်သစ်ကူး တိုက်ခိုက်ရန် ကြံစည်မှုနဲ့ အမေရိကန်မှာလည်း လူတစ်ဦး အဖမ်းခံရ

  • 31 ဒီဇင်ဘာ 2015
_emanuel_lutchman
Image caption သံသယ ရှိရသူဟာ အစ္စလာမ် ဘာသာထဲ ကူးပြောင်း ဝင်ရောက် ထားတဲ့ မွတ်ဆလင်မ် တစ်ဦး အဖြစ် သူ့ကိုယ်သူ ခေါ်ဆိုပြီး စိတ်ဝေဒနာ ရောဂါ နောက်ကြောင်း အခံလည်း ရှိနေပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် ထဲမှာ နှစ်သစ်ကူး အကြို ကာလ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်သူ တစ်ဦး ကို ဖမ်းဆီးပြီး ပုဒ်မတပ် အရေးယူ လိုက်တယ်လို့ အမေရိကန် အာဏာပိုင် တွေက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို လိုအပ်တဲ့ ပစ္စည်း တွေ ထောက်ပံ့ဖို့ ကြိုးစား ခဲ့သူ တစ်ဦး အဖြစ်လည်း အသက် ၂၅ နှစ် အရွယ် Emanuel Lutchman ဆိုသူကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် အနောက်ပိုင်းက ရိုချက်စတာ ဆိုတဲ့ အရပ်မှာ စားသောက်ဆိုင် တစ်ခုထဲ အရပ်သားတွေ ကို ဓားနဲ့ တိုက်ခိုက်ဖို့ အဲဒီ့ သူက စီစဉ် ခဲ့တယ် လို့ စွပ်စွဲ ခံထားရပါတယ်။

Emanuel Lutchman ဟာ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သူကျူးလွန်တာကို တာဝန်ယူကြောင်း ပြောကြားထားတဲ့ ဗီဒီယို တစ်ခုလည်း အသင့် ရိုက်ကူး ထားပြီး အဲဒီ့ ဗီဒီယို ထဲမှာပဲ IS အဖွဲ့အပေါ် သစ္စာ ခံကြောင်း ပြောထားတယ် လို့ ဆိုပါတယ်။

အခု သံသယ ရှိရသူဟာ အစ္စလာမ် ဘာသာထဲ ကူးပြောင်း ဝင်ရောက် ထားတဲ့ မွတ်ဆလင်မ် တစ်ဦး အဖြစ် သူ့ကိုယ်သူ ခေါ်ဆိုပြီး စိတ်ဝေဒနာ ရောဂါ နောက်ကြောင်း အခံလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ