သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ အိုဘားမား ကြိုးစား

  • 1 ဇန်နဝါရီ 2016
5_obama_tears ဓာတ်ပုံ မူပိုင် CBS
Image caption သေနတ် ဥပဒေ တစ်ရပ် ထွက်ပေါ် လာဖို့ရာ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ထောက်ခံမှုကို မရရှိ နိုင်ခဲ့တာ ဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အကြီးအကျယ်ဆုံး စိတ်ပျက်ရမှု ဖြစ်တယ်လို့ မစ္စတာ အိုဘားမား ပြော။

အမေရိကန် ပြည်ထောင်စု ထဲမှာ ဖြစ်ပေါ် နေတဲ့ သေနတ် ပစ်ခတ်မှု မှုခင်းတွေ ကို ကိုင်တွယ် နိုင်ဖို့ အတွက် သေနတ် ကိုင်ဆောင်ခွင့် ဆိုင်ရာ ဥပဒေ ပြင်ဆင် ပြောင်းလဲ နိုင်ဖို့ သမ္မတ အိုဘားမား ဘက်က တစ်ဘက်သတ် ဆောင်ရွက် လာမယ့် အရိပ်အယောင် တွေ ပြသ လာပါတယ်။

ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ သေနတ် ဥပဒေ တစ်ရပ် ထွက်ပေါ် လာဖို့ရာ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ထောက်ခံမှုကို မရရှိ နိုင်ခဲ့တာ ဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အကြီးအကျယ်ဆုံး စိတ်ပျက်ရမှု ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက နှစ်သစ်မှာ ပထမဆုံး ပြောကြား ခဲ့တဲ့ သမ္မတရဲ့ အပတ်စဉ် မိန့်ခွန်းထဲ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ကို ဆန့်ကျင် နေကြတဲ့ ကွန်ဂရက်စ်လွှတ်တော် ရဲ့ ပိတ်ဆို့ တားဆီးနေမှု အပေါ် ဘယ်လို ရှောင်လွှားပြီး သမ္မတ အာဏာကို အသုံးပြုလို့ သေနတ် ဥပဒေသစ် တစ်ရပ် ပေါ်ထွက် လာအောင် ဘယ်ပုံ လုပ်ဆောင်နိုင်သလဲ ဆိုတာကို လာမယ့် တနင်္လာ နေ့မှာ ရှေ့နေချုပ် လော်ရက်တာ လင့်ချ် နဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

သေနတ် ကိုင်ဆောင်ခွင့် အပေါ် ထောက်ခံကြသူ တွေ နဲ့ အတိုက်အခံ ရီပတ်ဘလေကဲန် လွှတ်တော် အမတ် တွေ ဘက်က လည်း သမ္မတ အိုဘားမား ဆောင်ရွက်လာမယ့် အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် လာလိမ့်မယ် ဆိုပြီး သတင်းထောက်တွေက ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ