အိန္ဒိယ လေတပ်စခန်းမှာ ပစ်ခတ်မှု ဖြစ်ပွား

  • 2 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက် သမား ၄ ဦးဟာ လေတပ် စခန်း အတွင်းကို ဝင်ရောက်လာပြီး ပစ်ခတ်

အိန္ဒိယ နိုင်ငံ က ပထန်ကော့ လေတပ်စခန်း ကို အကြမ်းဖက် သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြလို့ စစ်သား ၂ ဦးနဲ့ အတူ အကြမ်းဖက် တိုက်ခိုက် ခဲ့ကြသူတွေ သေဆုံး ခဲ့ပါတယ်။

အဆိုပါ လေတပ် စခန်းမှာ တိုက်လေယာဉ်တွေ နဲ့ စစ်တပ်သုံး ရဟတ် ယာဉ် တွေ ရပ်နား ထားပြီး ပါကစ္စတန် နိုင်ငံနဲ့ ကီလိုမီတာ ၅၀ လောက် အကွာအဝေးမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အိန္ဒိယ နိုင်ငံ စစ်ဝတ်စုံ ဝတ်ဆင် ထားကြတဲ့ အကြမ်းဖက် သမား ၄ ဦးဟာ လေတပ် စခန်း အတွင်းကို ဝင်ရောက်လာပြီး ပစ်ခတ် တိုက်ခိုက် မှုတွေ ကို လုပ်ခဲ့ကြတာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင် အချိန်က လဟိုး မြို့မှာ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ နဲ့ ပါကစ္စတန် ဝန်ကြီးချုပ် နဝက် ရှရစ်ဖ် တို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ကနိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး ကို အလိုရှိသော်လည်း အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြန်လည် တုံ့ပြန်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ