ယီမင် အပစ်ရပ်မှု ကျိုးပျက်ပြီ

  • 2 ဇန်နဝါရီ 2016
_yemen_ ဓာတ်ပုံ မူပိုင် bbc
Image caption အပစ်ရပ် သဘောတူမှု အပေါ် နှစ်ဘက်စလုံး က မစောင့်ထိန်းပဲ မှန်မှန် ချိုးဖောက် ခဲ့။

ယီမင် နိုင်ငံမှာ ရှီအာမွတ်ဆလင်မ် ဟူသီ သူပုန်တွေ နဲ့ကြား ရယူ ထားတဲ အပစ်ရပ် သဘောတူမှုဟာ အမည်ခံ သက်သက် ဖြစ်နေပြီး၊ အဲဒီ့ သဘောတူမှုကို ဆက်လက် စောင့်ထိန်း တော့မှာ မဟုတ်ဘူး ဆိုပြီး ဆော်ဒီအာရေဗျ ဦးဆောင်နဲ့ မဟာမိတ် အဖွဲ့က ကြေညာလိုက်တဲ့ နေ့မှာပဲ အကြမ်းဖက် ဖြစ်ရပ် တွေ ပိုပြီး ဖြစ်ပေါ် လာပါတယ်။

ဆော်ဒီ နယ်စပ်က ပစ်မှတ်တွေ အပါအဝင် ဆော်ဒီ မြို့ကြီးတွေ ဆီ ဟူသီသူပုန် တွေ ဘက်က ဒုံးကျည် ပစ်ခတ်မှု တွေ အကြိမ်ရေ အမြောက်အများ လုပ်ဆောင် ခဲ့တဲ့ အတွက် အပစ်ရပ် သဘောတူမှု အပေါ် မလိုက်နာ နိုင်တော့တာ ဖြစ်တယ် လို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့က ပြောပါတယ်။

ယီမင် နိုင်ငံ အတွင်း ရေရှည် ငြိမ်းချမ်းရေး ဖြစ်ထွန်းအောင် ဆောင်ရွက် နိုင်ကြဖို့ ရယူထားခဲ့တဲ့ အပစ်ရပ် သဘောတူမှု အပေါ် နှစ်ဘက်စလုံး က မစောင့်ထိန်းပဲ ချိုးဖောက် ခဲ့ကြမြဲ ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ကစလို့ ယီမင် နိုင်ငံထဲမှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့က စစ်ရေး ဆောင်ရွက်ချက် တွေ စတင် ပြုလုပ် လာခဲ့ပြီး နောက်ပိုင်း လူ ၆ ထောင် ဝန်းကျင် သေဆုံး ခဲ့ရပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ