ဘာသာရေးခေါင်းဆောင်ကို ကွပ်မျက်မှု အီရန်ရှုံ့ချ

  • 3 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဆန္ဒပြသူတွေကို အီရန် သမ္မတ ဟာဆန် ရိုဟာနီ က ဝေဖန် ရှုံ့ချ လို

ဆော်ဒီအာရေးဘီးယား နိုင်ငံဟာ ရှီးအိုက် ဘာသာရေး ခေါင်းဆောင် ကို ကွပ်မျက် ခဲ့တဲ့ အတွက် အီရန် နိုင်ငံက ဆော်ဒီ သံရုံးရှေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွား နေပါတယ်။

အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီက ဆော်ဒီ နို်ငငံကို ဘုရားသခင် က ဒဏ်ခတ် လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

တီဟီရန်မှာ ရှိတဲ့ ဆော်ဒီ နိုင်ငံ သံရုံးကို ဆန္ဒပြသူတွေဟာ မီးရှို့ဖို့ကြိုးစား နေကြပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ ကြိုးစားနေရပါတယ်။

ဆော်ဒီ သံရုံးကို တိုက်ခိုက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို အီရန် သမ္မတ ဟာဆန် ရိုဟာနီ က ဝေဖန် ရှုံ့ချ လိုက်ပါတယ်။

ဆော်ဒီ နိုင်ငံက ကျူးလွန်တဲ့ အမှုဟာ မိမိတို့ရဲ့ အပြစ် မဖြစ်စေဖို့ အတွက် ထိန်းသိမ်း ကြဖို့ အီရန် သမ္မတ ဆန္ဒပြသူတွေကို ပန်ကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ