ဗြိတိန် သူလျှိုတွေ အဖြစ် စွပ်စွဲပြီး လူ၅ဦးကို IS သတ်

  • 3 ဇန်နဝါရီ 2016
_is_video_killing
Image caption မျက်နှာဖုံးစွပ် လူရဲ့ စကားသံ လေယူလေသိမ်းဟာ ဗြိတိသျှ လေသံ ဖြစ်ပါတယ်။

အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS အပေါ် ဗြိတိန် နိုင်ငံ အတွက် သူလျှိုလုပ် ထောက်လှမ်းပေး ခဲ့သူတွေ ဆိုပြီး စွပ်စွဲချက် နဲ့ လူ ၅ ဦးကို သတ်ဖြတ်နေတာ ကို ရိုက်ကူးထားတဲ့ ဗီဒီယို ပေါ်ထွက် လာပါတယ်။

IS လက်နက်ကိုင်တွေ ထုတ်ပြန်လိုက်တဲ့ အဲဒီ့ ဗီဒီယို ထဲမှာ အသတ်ခံရသူတွေက သူတို့မှာ အပြစ်ရှိကြောင်း ဝန်ခံ ခဲ့ပါတယ်။

အဲဒီ့နောက် အဲဒီလူ ၅ ဦးကို ခေါ်ဆောင် သွားခဲ့တဲ့ နေရာလို့ ယူဆရတဲ့ သဲကန္တာရ တစ်နေရာ နောက်ခံမှာ ပစ္စတို သေနတ် ကိုင်ဆောင် ထားတဲ့ မျက်နှာဖုံးစွပ် လူတစ်ဦးရဲ့ ပုံ ပေါ်လာပြီး ယူကေ နိုင်ငံ အပေါ် ခြိမ်းခြောက် ပြောဆိုတာ တွေ ပြလုပ်ခဲ့ ပါတယ်။

သူရဲ့ စကားသံ လေယူလေသိမ်းဟာ ဗြိတိသျှ လေသံ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ သူလျှိုလို့ စွပ်စွဲခံရသူတွေ ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ