ပါလက်စတိုင်း မိသားစုကို သတ်တဲ့ အစ္စရေးတွေကို အရေးယူ

  • 3 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption စ္စရေး လူမျိုး သုံးဦးကို အစ္စရေး အစိုးရ ရှေ့နေ တွေက တရား စွဲဆို

ဂါဇာ ကမ်းမြှောင် ဒေသ က ပါလက်စတိုင်း မိသားစု တစ်စုကို မီးကွင်းပစ် တိုက်ခိုက် ခဲ့ကြသူ အစ္စရေး လူမျိုး ၂ ဦး ကို အစ္စရေး အစိုးရ ရှေ့နေ တွေက တရား စွဲဆို လိုက်ပါတယ်။

မီးရှို့ သတ်ဖြတ် ခံခဲ့ရတဲ့ ပါလက်စတိုင်း မိသားစု ရဲ့ အမှုမှာ ရဲတပ်ဖွဲ့က အစ္စရေး အစွန်းရောက် လူငယ် တစ်စု ကို အဓိက ထားစုံစမ်း စစ်ဆေးခဲ့ပါတယ်။

လူငယ်တွေထဲက တစ်ယောက်ကို လူသတ်မှု နောက်တစ်ယောက် ကိုတော့ ပူးပေါင်း ကြံစည်မှု တို့နဲ့ အရေးယူတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ က ဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်း လူမျိုး ဆာအတ် အမျိုး သမီး ဖြစ်သူ ရီဟမ်း ဒီဝါရှာ နဲ့ သူတို့ရဲ့ လသား အရွယ် သားဖြစ်သူ အလီ တို့ မိသားစု မီးရှို့ သတ်ဖြတ် ခံရမှုဟာ ပါလက်စတိုင်း လူမျိုးတွေက ရန်စ မှု လုပ်ရပ် အဖြစ် ရှုမြင် ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ