အိန္ဒိယ၊ မဏိပူရ ပြည်နယ်မှာ ငလျင်လှုပ်

  • 4 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်ဒဏ်ကြောင့် အင်ဖားမြို့မှာ အဆောက်အအုံ တချို့ ပြိုကျခဲ့။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက မဏိပူရ ပြည်နယ်မှာ ပြင်းအား ၆.၇ ရှိ ငလျင်တစ်ခု လှုပ်ခဲ့လို့ လူ ၉ ဦး ထက်မနည်း သေဆုံး ခဲ့ပါတယ်။

ဒေသ စံချိန် တနင်္လာနေ့ မနက် အစောပိုင်းက မဏိပူရ ပြည်နယ် မြို့တော် အင်ဖား မြို့ရဲ့ အနောက် မြောက်ဘက် ၂၉ ကီလိုမီတာ အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့က ပြောပါတယ်။

မဏိပူရ ပြည်နယ်မှာ ၆ ယောက် သေဆုံးပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှာ ၃ ယောက် သေဆုံးတယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။

ငလျင် လှုပ်တဲ့ အရှိန်ကို အဲဒီ ဒေသ တဝိုက် ကြုံတွေ့ သိရှိခဲ့ကြပြီး ဒဏ်ရာရသူပေါင်းက လူ ၁ ရာကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အင်ဖား မြို့တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု အောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ