အရှေ့ အလယ်ပိုင်း သံတမန်ရေး ဆိုးရွား

  • 4 ဇန်နဝါရီ 2016
saudi ဓာတ်ပုံ မူပိုင် EPA
Image caption ရှီအာ ခေါင်းဆောင် ကွပ်မျက်မှုကို တုံ့ပြန် ဆန္ဒပြ

ဆော်ဒီက ရှီအာ ဘာသာရေး ခေါင်းဆောင် ကို ကွပ်မျက်ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်းမှာ သံတမန်ရေး အခြေအနေ ပိုဆိုးရွား လာပါတယ်။

ဘာရိန်း၊ ဆူဒန်နဲ့ ယူအေအီး နိုင်ငံ တွေက အီရန်နဲ့ သံတမန် အဆက်အသွယ်တွေ လျှော့ချတာ၊ ရပ်ဆိုင်း တာတွေ လုပ်ပြီး ဆော်ဒီ ဘက်က ထောက်ခံ ကြပါတယ်။

ဒီနိုင်ငံ တွေက ဆွန်နီ မွတ်ဆလင် နိုင်ငံတွေ ဖြစ်ပါတယ်။

အီရန်က ဆော်ဒီ သံရုံးကို ဆန္ဒပြသူတွေက တိုက်ခိုက်တာ ခံရပြီးနောက် အီရန်နဲ့ ဆော်ဒီ သံတမန် ဆက်ဆံရေး တွေ ပျက်စီးခဲ့ပါတယ်။

ဆော်ဒီကို ဒေသတွင်းမှာ ရန်မီးပွားအောင် လုပ်နေတယ်လို့ အီရန်က စွပ်စွဲပါတယ်။

အီရတ်နိုင်ငံက ဆွန်နီ ဗလီ ၂ ခု တိုက်ခိုက် ခံရပြီး ဘာသာရေး ခေါင်းဆောင် တယောက် အသတ်ခံရတယ်လို့လည်း အီရတ် အာဏာပိုင်တွေက ဆိုပါတယ်။

ဒါဟာ ဆော်ဒီက ရှီအာ ဘာသာရေး ခေါင်းဆောင် ကွပ်မျက် ခံရလို့ လက်တုံ့ပြန်တာ လို့ ယူဆ ရပါတယ်။

ဘဂ္ဂဒက် မြို့တော် တောင်ဘက်က ဟီလာ ဒေသမှာ ဆွန်နီ ဗလီ ၂ ခု ကို စစ်ဝတ်စုံနဲ့ လူတွေက ညက ဗုံးထောင် ဖောက်ခွဲခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်ထဲ မှာပဲ တခြား မြို့တမြို့မှာလည်း သေနတ်သမား တွေက ဆွန်နီ ခေါင်းဆောင် တယောက်ကို သူ့အိမ်နားပဲ ချောင်းမြောင်း သတ်ဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ