အစ္စရေး အစိုးရအပေါ် မကျနပ်လို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် နှုတ်ထွက်

  • 4 ဇန်နဝါရီ 2016
သွားလာ လှုပ်ရှား မှု မှန်သမျှကို အစ္စရေးက နှောင့်ယှက် ဟန့်တား ခဲ့တယ် ဆိုပြီး မစ္စတာ ဝီဘီဆိုနို က ကုလ သမဂ္ဂ ရဲ့ လူ့အခွင့်အရေး ကောင်စီကို အစီရင် ခံခဲ့ပါတယ်။
Image caption သွားလာ လှုပ်ရှား မှု မှန်သမျှကို အစ္စရေးက နှောင့်ယှက် ဟန့်တား ခဲ့တယ် ဆိုပြီး မစ္စတာ ဝီဘီဆိုနို က ကုလ သမဂ္ဂ ရဲ့ လူ့အခွင့်အရေး ကောင်စီကို အစီရင် ခံခဲ့ပါတယ်။

ကုလသမဂ္ဂ ရဲ့ နာမည်ကျော် လူ့ အခွင့်အရေး ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ မာကရီးမ် ဝီဘီဆိုနို ရာထူး ကနေ နှုတ်ထွက် သွားပါတယ်။

အသိမ်းပိုက်ခံ ပါလက်စတိုင်း ဒေသတွေထဲ အစ္စရေး အစိုးရ က သူ့ကို ဝင်ရောက်ခွင့် မပြု တဲ့ အတွက် အခုလို နှုတ်ထွက် ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သွားလာ လှုပ်ရှား မှု မှန်သမျှကို အစ္စရေးက နှောင့်ယှက် ဟန့်တား ခဲ့တယ် ဆိုပြီး မစ္စတာ ဝီဘီဆိုနို က ကုလ သမဂ္ဂ ရဲ့ လူ့အခွင့်အရေး ကောင်စီကို အစီရင် ခံခဲ့ပါတယ်။

အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်တွေထဲ အကြမ်းဖက်မှု ရဲ့ သားကောင် ဖြစ်ရသူတွေ အပေါ် အစ္စရေး ရဲ့ လုပ်ဆောင်မှု တွေ ကြောင့် သူ့ အနေနဲ့ ကူညီ ခွင့် မရ နိုင်ခဲ့ဘူး လို့လည်း မစ္စတာ ဝီဘီဆိုနို က ဆိုပါတယ်။

မစ္စတာ ဝီဘီဆိုနို ဟာ သူ့ရဲ့ စုံစမ်း စစ်ဆေးမှု တွေမှာ ဘက်လိုက်မှု ရှိနေတယ် ဆိုပြီး အစ္စရေးဘက်က တုံ့ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ