တရုတ် ရှယ်ယာစျေးတွေ ထပ်မံ ကျဆင်း

  • 5 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP

တရုတ် စတော့ စျေးကွက် မှာ ရှယ်ယာစျေးတွေ ထိုးကျနေတာကို ကာကွယ်ဖို့ တရုတ် အစိုးရက ကြိုးစား နေတဲ့ကြားက ဒုတိယမြောက် ရက်အဖြစ် ကသောင်းကနင်း ဖြစ်ခဲ့ပြန် ပါတယ်။

အစိုးရ ပိုက်ဆံတွေ သုံးပြီး စတော့ တွေကို ဝယ်ယူ အားဖြည့် ခဲ့ပေမယ့် ဒီနေ့ စျေးပိတ်ချိန် မှာလည်း စတော့ စျေးနှုန်းက အနည်းငယ် ထပ်မံ ကျဆင်း ခဲ့ပါတယ်။

စတော့တွေကို အများအပြား ကိုင်ထားတဲ့ လုပ်ငန်းတွေ အနေနဲ့ ထုတ်ရောင်းမယ် ဆိုရင် အကန့်အသတ်နဲ့သာ ရောင်းခွင့် ပြုမယ် လို့လည်း အာဏာပိုင် တွေက ကန့်သတ် ခဲ့ပါတယ်။

မနေ့က တရုတ် ရှယ်ယာစျေးတွေ ၇ ရာခိုင်နှုန်းထိ ထိုးကျသွားလို့ ကမ္ဘာ တဝန်းကို ရိုက်ခတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ