အီရန်ကနေ ကူဝိတ်က သံအမတ် ပြန်ခေါ်

  • 5 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဆော်ဒီ သံရုံး တိုက်ခိုက်ခံရမှုကို ကုလ လုံခြုံရေး ကောင်စီကလည်း ရှုတ်ချခဲ့။

တီဟီရန် မြို့က ဆော်ဒီ အာရေဗျ သံရုံး တိုက်ခိုက် ခံရပြီးနောက် အီရန်နဲ့ သံတမန်ရေး ဖြတ်တောက်တဲ့ အထဲမှာ ကူဝိတ် နိုင်ငံလည်း နောက်ဆုံး အနေနဲ့ ပါဝင် လာပါတယ်။

ဆော်ဒီ သံရုံး တိုက်ခိုက် ခံရမှုဟာ နိုင်ငံတကာ စံနှုန်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်လို့ ကူဝိတ် အစိုးရက ဆိုပြီး သူတို့ရဲ့ သံအမတ်ကို အီရန် မြို့တော်ကနေ ပြန်ခေါ် လိုက်ပြီလို့ ပြောပါတယ်။

ရှီအာ ဘာသာရေး ခေါင်းဆောင်ကို ဆော်ဒီက ကွပ်မျက် ခဲ့တဲ့အတွက် တီဟီရန်မှာ ရှိတဲ့ ဆော်ဒီ သံရုံး တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ဆော်ဒီ အာရေဗျက အီရန်နဲ့ သံ အဆက်အသွယ် အားလုံးကို ဖြတ်တောက် ခဲ့ပါတယ်။

ဆော်ဒီရဲ့ တခြား မဟာမိတ်တွေ ဖြစ်တဲ့ ဘာရိန်း၊ ဆူဒန်နဲ့ ယူအေအီး နိုင်ငံတို့ကလည်း အီရန်အပေါ် သံတမန်ရေး အရ အရေးယူမှုတွေ လုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ