ယီမင်မှာ အီရန်သံရုံး တိုက်ခိုက်ခံရမှု ဆော်ဒီကို စွပ်စွဲ

  • 7 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကြာသပတေးနေ့မှာ ဆော်ဒီက လေကြောင်း တိုက်ခိုက်မှု အကြိမ် အများအပြား လုပ်ခဲ့။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ယီမင် နိုင်ငံမှာ ရှိတဲ့ အီရန် သံရုံး ထိခိုက် ပျက်စီးခဲ့ပြီး ဝန်ထမ်းတွေ ဒဏ်ရာ ရခဲ့တယ်လို့ အီရန်က စွပ်စွဲ ပြောဆို လိုက်ပါတယ်။

တိုက်လေယာဉ် တွေက အီရန် သံရုံး နေရာကို တမင် ရည်ရွယ် တိုက်ခိုက်ခဲ့တယ်လို့ အီရန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ တစ်ယောက်ရဲ့ အပြောကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။

မျက်မြင် သက်သေတွေကတော့ ဒုံးကျည် အစအနတွေဟာ သံရုံး ဝင်းထဲကိုသာ ကျရောက် ခဲ့ပြီး သံရုံး အဆောက်အအုံကို ထိခိုက်ခြင်း မရှိဘူးလို့ ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ဟွတ်သီ သူပုန်တွေကို ဆော်ဒီ တို့က လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်နေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ရှီအာ ဘာသာရေး ခေါင်းဆောင် တစ်ယောက်ကို ဆော်ဒီက ကွပ်မျက်ခဲ့ရာက စပြီး သံတမန်ရေး ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး မကြာမီမှာ အခု အဖြစ်အပျက် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ