လစ်ဗျားမှာ ကားဗုံးခွဲ တိုက်ခိုက်၊ ၄၇ ဦး သေဆုံး

  • 7 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားမှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှု တွေထဲက တစ်ခုဖြစ်။

လစ်ဗျား နိုင်ငံ အနောက်ပိုင်း၊ ဇလစ်တန် မြို့က ရဲသင်တန်းကျောင်း တစ်ခုကို ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၇ ဦး သေဆုံး ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

အယ်လ် ဂျာဖယ်လ် al-Jahfal သင်တန်းကျောင်းကို ဗုံးထောင်ထားတဲ့ ထရပ်ကားနဲ့ တိုက်ခိုက် ခဲ့တာလို့ လစ်ဗျား သတင်းဌာနတွေက ဖော်ပြ ပါတယ်။

အဲဒီ ရဲသင်တန်း ကျောင်းဟာ ပြုတ်ကျသွားတဲ့ လစ်ဗျား ခေါင်းဆောင် ကဒါဖီ လက်ထက်က စစ်အခြေစိုက် စခန်းအဖြစ် သုံးခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ကဒါဖီ ပြုတ်ကျပြီး နောက်ပိုင်း လစ်ဗျားမှာ တည်ငြိမ်မှု မရှိခဲ့သလို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS စစ်သွေးကြွ တွေလည်း လစ်ဗျားမှာ ခြေကုပ် ရနေပြီလို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

လစ်ဗျားမှာ စင်ပြိုင် အစိုးရ နှစ်ခု ရှိနေပြီး တစ်ခုကိုသာ နိုင်ငံတကာက အသိအမှတ် ပြုထားပါတယ်။

မြို့တော် ထရီပိုလီမှာ နိုင်ငံတကာ အသိအမှတ် မပြုတဲ့ အစိုးရ ထိန်းချုပ်ထားပြီး ဇလစ်တန် မြို့ဟာလည်း အဲဒီ အစိုးရရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။

ဒီဇင်ဘာ လတုန်းကတော့ ကုလက ကြားဝင် စေ့စပ်ပေးတဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘော တူညီချက်ကို နှစ်ဘက် နိုင်ငံရေး သမားတွေ လက်မှတ် ထိုးခဲ့ပြီး အခုချိန်အထိ အကောင်အထည် မပေါ်သေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ