ချာလီအက်ဘ်ဒိုး နှစ်လည်နေ့၊ လူတစ်ဦးကို ပြင်သစ်ရဲ ပစ်သတ်

  • 7 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တိုက်ခိုက်သူ ကိုယ်ပေါ်က ဝိုင်ယာကြိုးတွေ တွေ့ရတဲ့အတွက် မိုင်းကျွမ်းကျင်သူတွေနဲ့ စစ်ဆေးခဲ့။

ပြင်သစ် နိုင်ငံမှာ ချာလီ အက်ဘ်ဒိုး မဂ္ဂဇင်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့် နှစ်ပတ်လည် နေ့မှာ ရဲစခန်း တစ်ခုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ လူတစ်ဦးကို ပြင်သစ် ရဲတွေက ပစ်သတ် ခဲ့ပါတယ်။

အဲဒီ လူဟာ ဓား တစ်ချောင်း ကိုင်ထားပြီး အသေခံ ဗုံးခွဲဝတ်စုံ အတု တစ်ခုကို ဝတ်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီ အဖြစ်အပျက် မတိုင်ခင် မိနစ်ပိုင်းကတော့ ၂၀၁၅ ဇန်နဝါရီ တိုက်ခိုက်မှု နှစ်လည် အမှတ်ရတဲ့ အနေနဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က မိန့်ခွန်း ပြောရာမှာ ရဲတပ်ဖွဲ့ကို ချီးကျူး ပြောဆို ခဲ့ပါတယ်။

မနှစ်တုန်းက ချာလီ အက်ဘ်ဒိုး မဂ္ဂဇင်းတိုက်နဲ့ ဂျူး စူပါးမားကတ် တစ်ခုတို့ ဆက်တိုက် တိုက်ခိုက် ခံရမှုကြောင့် လူ ၁၇ ယောက် သေဆုံး ခဲ့ပါတယ်။

မစ္စတာ ဟော်လန်းဒ်ရဲ့ မိန့်ခွန်းထဲမှာ ၂၀၁၇ မတိုင်မီမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၅ ထောင် ထပ်မံ တိုးမြှင့် သွားမယ်လို့ ပြောခဲ့ပါတယ်။

ပဲရစ်မြို့က ရဲဌာနချုပ်မှာ သမ္မတ ဟော်လန်းဒ် မိန့်ခွန်းပြောပြီး မိနစ်ပိုင်း အကြာမှာ ပဲရစ်မြို့ မြောက်ပိုင်းက ရဲစခန်းတစ်ခု အနီးမှာ လူတစ်ဦးက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ