တောင်ကိုရီးယားက မြောက်ဘက်ကို ဝါဒဖြန့်မှုတွေ ပြန်စမယ်

  • 7 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖို့ ကင်ဂျုံအန်းက လက်မှတ်ထိုး ခိုင်းခဲ့တယ်လို့ မြောက်ကိုရီးယားက ဖော်ပြခဲ့။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးကို အောင်အောင်မြင်မြင် စမ်းသပ် ခဲ့တယ်လို့ ပြောဆို ခဲ့ပြီးနောက် တောင်ကိုရီးယားက နယ်စပ်မှာ အသံချဲ့စက် တွေနဲ့ ဝါဒဖြန့်မှုတွေ ပြန်လည် ပြုလုပ် သွားမယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားကို ဒေါသထွက် စေမယ့် အဲဒီလို ထုတ်လွှင့်မှုတွေကို သောကြာနေ့ နေ့လယ်မှာ ပြန်လည် စတင်မယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် အောင်မြင်ခဲ့တယ် ဆိုတဲ့ မြောက်ကိုရီးယားရဲ့ အပြောက သံသယဖြစ်ဖွယ် ရှိပေမယ့် နိုင်ငံတကာ ကတော့ မြောက်ကိုရီးယားကို ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

ကုလ သမဂ္ဂ မှာလည်း မြောက်ကိုရီးယား အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ တိုးမြှင့် လုပ်ဆောင် သွားဖို့ သဘောတူ ခဲ့ကြပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား နယ်စပ်မှာ လျှို့ဝှက် ထားရှိတဲ့ အသံချဲ့စက်ပေါင်း အလုံး ၄၀ လောက် ရှိပြီး၊ အဲဒီ အသံချဲ့စက်တွေ ကနေ ပြင်ပ ကမ္ဘာက သတင်းတွေကို မြောက်ကိုရီးယား စစ်သားတွေနဲ့ ဒေသခံတွေ အတွက် ထုတ်လွှင့် ပေးလေ့ ရှိတယ်လို့ ဆိုးလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ