ပင်လယ်နီ ကမ်းခြေ အပန်းဖြေ ဟိုတယ် အတိုက်အခိုက် ခံရ

  • 8 ဇန်နဝါရီ 2016
egypt_attack_hotel
Image caption ထိခိုက် ဒဏ်ရာရသွားသူ အနည်းဆုံး ၃ ယောက် ရှိ။

အီဂျစ် နိုင်ငံထဲက ပင်လယ်နီ ကမ်းခြေ အပန်းဖြေ မြို့ဖြစ်တဲ့ ဟူဂါးဒါး မှာ ကမ္ဘာလှည့် ခရီးသည် တွေ တည်းခိုလေ့ရှိတဲ့ ဟိုတယ် တစ်လုံးကို ဓား ကိုင် ဆောင် ထား သူတွေက တိုက်ခိုက် ခဲ့ကြ ပါတယ်။

ထိခိုက် ဒဏ်ရာရသွားသူ အနည်းဆုံး ၃ ယောက် ရှိတယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားတာမှာ အဲဒီ့ ထဲက နှစ်ဦးကတော့ ဂျာမနီ နိုင်ငံသား တစ်ဦးနဲ့ ဒိန်းမတ် နိုင်ငံသား တစ်ဦးတို့ ဖြစ်တယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။

အီဂျစ်လုံခြုံရေး တပ်ဖွဲ့တွေ တွေရဲ့ လက်ချက် နဲ့ တိုက်ခိုက်မှု ကျူးလွန်သူ တွေ ထဲက အနည်းဆုံး တစ်ယောက် ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့တုန်းကလည်း ကိုင်ရိုမြို့တော် ပိရစ်မစ်ကြီးတွေ ရှိရာ အနီးက ဟိုတယ် တစ်လုံးမှာလည်း ခရီးသည်တင် ဘတ်စ်ကား တစ်စင်း သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရပါ သေးတယ်။

ဒါပေမယ့် အဲဒီ့တုန်းကတော့ ထိခိုက် ဒဏ်ရာ ရသူ မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ