တရုတ်မှာ မော်စီတုံး ရုပ်တုကြီးကို ဖယ်ရှား

  • 8 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption ရုပ်တုကြီး ပြီးစီးချိန်က သတင်းဌာန အတော်များများက ဖော်ပြခဲ့ကြ။

တရုတ် နိုင်ငံ၊ ဟန်နန်း ပြည်နယ်က ကျေးလက် ဒေသမှာ ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌကြီး မော်စီတုံးရဲ့ အမြင့်ပေ ၁၂၀ ရှိ ဧရာမ ရုပ်တုကြီးကို စိုက်ထူပြီး ရက်ပိုင်း အကြာမှာပဲ ဖယ်ရှားပစ် လိုက်တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

အဲဒီ ရုပ်တုကြီး တည်ဆောက် တာကို ခွင့်ပြုချက် တောင်းခံခြင်း မရှိခဲ့ဘူးလို့ ကျေးရွာ အရာရှိ တစ်ဦးက People's Daily သတင်း ဌာနကို ပြောပါတယ်။

ဟန်နန်း ပြည်နယ်က လယ်မြေတွေပေါ်မှာ စိုက်ထူ ခဲ့တဲ့ မော်စီတုံးရဲ့ ရုပ်တုကြီးဟာ ယွမ်ငွေ ၃ သန်း နီးပါး (ဒေါ်လာ ၄ သိန်း ၆ သောင်း) ကုန်ကျ ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုပ်တုကြီး စိုက်ထူ ပြီးစီးခဲ့ချိန်မှာ ကမ္ဘာအနှံ့က သတင်းတွေမှာ ခေါင်းကြီး သတင်းအဖြစ် ဖော်ပြ ခံခဲ့ရပါတယ်။

အဲဒီ ရုပ်တု ကုန်ကျစရိတ်ကို ဒေသတွင်း လုပ်ငန်းရှင်တွေနဲ့ ရွာသားတွေက ထည့်ဝင် ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရုပ်တု စိုက်ထူတဲ့ နေရာက မသင့်လျော်တဲ့ နေရာ ဖြစ်နေပြီး ငွေနဲ့ အင်အား ဖြုန်းတီးရာ ကျတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ