မက္ကဆီကို မူးယစ်ရာဇာကို ပြန်ဖမ်းမိပြီ

  • 8 ဇန်နဝါရီ 2016
joaquin_el_chapo_guzman ဓာတ်ပုံ မူပိုင် AFP
Image caption မနက် လင်းအားကြီး အချိန် အပြန်အလှန် ပစ်ခတ် ခဲ့ကြပြီး ဖမ်း ခဲ့ရ။

မက္ကဆီကို နိုင်ငံမှာ နာမည်ပျက်နဲ့ အကျော်ကြားဆုံး မူးယစ်ရာဇာ အယ်လ် ချားပိုး လို့ အသိများတဲ့ ဟိုအခင်းမ် ဂုဇ်မဲန် ကို ပြန်လည် လက်ရ ဖမ်းမိ ပြီ ဖြစ်တယ် လို့ မက္ကဆီကို သမ္မတ အဲန်နရီကား ပဲန်ညာညေးတိုး က ကြေညာ ခဲ့ပါတယ်။

ဂုဇ်မဲန် ဟာ လွန်ခဲ့တဲ့ ၆ လ ကျော်က အင်မတန် လုံခြုံရေး တင်းကြပ်တဲ့ အကျဉ်းထောင် ကနေ တမိုင် နီးပါး ရှည်တဲ့ လိုဏ်ခေါင်း တူး ပြီး ထွက်ပြေး လွတ်မြောက် သွားခဲ့သူ ဖြစ်ပါတယ်။

အခုတော့ သူ့ရဲ့ဂိုဏ်း အဓိက လှုပ်ရှားရာ ဆင်နာလိုအာ နယ်ထဲ၊ မနက် လင်းအားကြီး အချိန် အပြန်အလှန် ပစ်ခတ် ခဲ့ကြပြီး ဖမ်း ခဲ့ရတာပါ။

ဂုဇ်မန် ကို ၁၉၉၃ ခုနှစ်တုန်းက ဂွာတီမာလာ နိုင်ငံထဲမှာ ပထမဆုံး အကြိမ် စတင် ဖမ်းဆီး မိခဲ့ပြီး မက္ကဆီကို နိုင်ငံထဲက အကျဉ်းထောင် တစ်ခု မှာ ထား ရှိခဲ့ ရာကနေ ဆယ်စုနှစ် တစ်ခု နီးပါး လောက် အကြာမှာ ပထမ တစ်ကြိမ် ထောင်ဖောက် ပြေးခဲ့ ပါတယ်။

၁၃ နှစ် အကြာ ၂၀၁၄ မှာမှာ ပြန်ဖမ်းမိ ခဲ့ပြီး ဒုတိယ အကြိမ် လိုင်ခေါင်းတူး ဖောက်ပြေး ခဲ့ပြန် တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ