ပြင်သစ်ပလီတွေ တံခါးဖွင့်မယ့် အစီအစဉ်

  • 10 ဇန်နဝါရီ 2016
mosque_paris ဓာတ်ပုံ မူပိုင် Getty
Image caption ဝတ်ကျောင်းတော် တွေဆီ လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်နေ။

မွတ်ဆလင်မ် မဟုတ်သူတွေ အနေနဲ့ အစ္စလာမ် အပေါ် မကြေလည် တာတွေ ရှိရင် လာရောက် ဆွေးနွေး စကား ပြောဆို ကြည့်ပါ ဆိုပြီး ပြင်သစ် နိုင်ငံ တဝှမ်းက ပလီ ဝတ်ကျောင်းတော် တွေက ဖိတ်ခေါ် နေပါတယ်။

ပါရီ မြို့တော်မှာ သရော်စာ မဂ္ဂဇင်းတိုက် ရှာလီ အက်ဘ်ဒို နဲ့ ဂျူး ပိုင် ကုန်တိုက် တို့ အစ္စလာမ်မစ် တွေ ရဲ့ တိုက်ခိုက်တာ ခံခဲ့ရပြီး နှစ်ပတ်လည် အချိန် မှာပဲ အခုလို လှုပ်ရှား မှုတွေကို စတင် လာတာ ဖြစ်ပါတယ်။

တမျိုးသားလုံး သွေးမကွဲပဲ စည်းလုံး နိုင်ကြဖို့ အရေး မှာ တတပ်တအား ပါဝင် ချင်တဲ့ အတွက် ဝတ်ကျောင်းတော် တွေဆီ အခုလို ဖိတ်ခေါ်တဲ့ အစီအစဉ် တွေ ဆောင်ရွက် တာ ဖြစ်တယ် ဆိုပြီး ဦးဆောင် လှုပ်ရှား သူတွေက ဆိုပါတယ်။

ဘာသာပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေး အဖွဲ့ရဲ့ စီစဉ် မှု နဲ့ ပါရီ မြို့တော် မှာ ရှိတဲ့ Grand Mosque ပလီ ကြီးဆီ သွားကြမယ့် အစီအစဉ် လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ