ဂျာမနီမှာ ခိုလှုံသူတွေကို တင်းကျပ်ဖို့ တောင်းဆို

  • 9 ဇန်နဝါရီ 2016
Image caption ကိုလုံးမြို့က နှစ်သစ်ကူး ပွဲ အတွင်း လုယက်မှုနဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေကို ကျူးလွန်ခဲ့ကြသူ အများစုဟာ ခိုလှုံခွင့် လျှောက်ထား ခဲ့ကြသူများ ဖြစ်

ဂျာမနီ နိုင်ငံကို ခိုလှုံခွင့် တောင်းခံ ကြသူတွေထဲက ပြစ်မှု ကျူးလွန်ခဲ့ရင် မူရင်း နေရပ် ပြန်ပို့ရေး ဥပဒေ ပြဌာန်း မှုတွေကို ထောက်ခံကြောင်း ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ခရစ်ယန် ဒီမိုကရက် ပါတီက ပြစ်မှု ကျူးလွန်တဲ့ ခိုလှုံခွင့် တောင်းခံ သူတွေကို နေရပ် ပြန်ပို့ရေး နဲ့ မှတ်ပုံတင် စစ်ဆေး ခြင်းတွေကို ဆောင်ရွက်ဖို့ အတွက် တောင်းဆို နေပါတယ်။

ဂျာမနီ နိုင်ငံ ကိုလုံးမြို့က နှစ်သစ်ကူး ပွဲ အတွင်း လုယက်မှုနဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေကို ကျူးလွန်ခဲ့ကြသူ အများစုဟာ ခိုလှုံခွင့် လျှောက်ထား ခဲ့ကြသူများ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားခဲ့ကြပြီးနောက်မှာ ဝန်ကြီးချုပ်က အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

လက်ယာ စွန်းရောက် အမျိုးသားရေး အဖွဲ့အစည်း တွေကလည်း ဂျာမန် အစိုးရ ရဲ့ ခိုလှုံခွင့် ပြုရေး တံခါးဖွင့် ဝါဒကို ဝေဖန် နေကြပြီး ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ