မက္ကဆီကို မူးယစ်ရာဇာကို အမေရိကန်ဆီ လွှဲပေးမယ်

  • 10 ဇန်နဝါရီ 2016
mexico_chapo_guzman_ ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ဆီ လွှဲပြောင်း ပေးမယ့် အပေါ် ဂုဇ်မန် ရဲ့ ရှေ့နေ တွေ က ၃ ရက် အတွင်း ကန့်ကွက် လွှာ တင်နိုင်ခွင့် ရှိပါတယ်။

မက္ကဆီကို နိုင်ငံ မှာ ပြီးခဲ့တဲ့ သောကြာ နေ့က ပြန်လည် ဖမ်းဆီး မိခဲ့တဲ့ မူးယစ်ရာဇာ ဟိုခင်းမ် ဂုဇ်မန် ကို အမေရိကန် ပြည်ထောင်စု ဆီ လွှဲပြောင်း ပေးဖို့ စတင် ဆောင်ရွက် နေတယ် လို့ မက္ကဆီကို ရှေ့နေချုပ်ရုံးက ထုတ်ပြန် ပါတယ်။

ဆင်နာလိုအာ ဒေသ မူးယစ်ဂိုဏ်း ခေါင်းဆောင် ဂုဇ်မန် ဟာ လွန်ခဲ့တဲ့ ၆ လ က မက္ကဆီကို နိုင်ငံထဲ ဒုတိယ အကြိမ် ထောင်ဖောက် ပြေးခဲ့တာ ကနေ ပြန်လည် ဖမ်းမိ ထားတာ ဖြစ်ပါတယ်။

အမေရိကန် က သူတို့ဆီ လွှဲပေးဖို့ အရင် အကြိမ် တွေ တုန်းကလည်း တောင်းဆို ခဲ့ပေမယ့် မက္ကဆီကို အစိုးရက ငြင်းပယ် ခဲ့ ပါတယ်။

အခု တစ်ခေါက် မှာတော့ ဂုဇ်မန် ကို မက္ကဆီကို ထဲ လုံလုံခြုံခြုံ ဆက် ထိန်းသိမ်း ထား ဖို့ မဖြစ်နိုင်ဘူး လို့ မက္ကဆီကို အစိုးရ အနေနဲ့ ဆုံးဖြတ်လိုက် ဟန် တူပါတယ်။

မက္ကဆီကို နိုင်ငံထဲမှာသာ ဆက်ရှိနေရင် ဂုဇ်မန် အနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို ငွေနဲ့ ပေါက် ဝယ်နိုင်တဲ့ အင်အား ရှိနေတယ် လို့ ယူဆရပါတယ်။

အမေရိကန် ဆီ လွှဲပြောင်း ပေးမယ့် အပေါ် ဂုဇ်မန် ရဲ့ ရှေ့နေ တွေ က ၃ ရက် အတွင်း ကန့်ကွက် လွှာ တင်နိုင်ခွင့် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ