ဆီးရီးယား က အငတ်ဘေးကြုံနေတဲ့ မြို့ကို ကူညီ

  • 9 ဇန်နဝါရီ 2016
Image caption လူပေါင်း လေးသောင်း အတွက် တစ်လစာ စားနပ် ရိက္ခာတွေ ပေး

ဇန်နဝါရီလ ၁၀ ရက်နေ့ တနင်္ဂနွေ နေ့မှာ ဆီးရီးယား နိုင်ငံ မာဒါရာ မြို့ကို ကယ်ဆယ် ထောက်ပံ့ ကူညီ မှုတွေ ဆောင်ရွက် နိုင်တော့မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန် ရှိ သူ တွေက ပြောကြား လိုက်ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးနဲ့ ကုလသမဂ္ဂ ရဲ့ ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ကြီး တို့ဟာ လူပေါင်း လေးသောင်း အတွက် တစ်လစာ စားနပ် ရိက္ခာတွေ ပေးဖို့ နိုင်ဖို့ စီစဉ် ဆောင်ရွက် နေပါတယ်။

လက်ဘနွန် နိုင်ငံ နယ်စပ် နားက Madaya မြို့ဟာ ဆီးရီးယား သူပုန်တွေက ထိန်းချုပ် ထားပြီး အစိုးရ တပ်တွေက ဝိုင်းရံ ထားလို့ မြို့နေ လူထု ဟာ အစားအစာ ပြတ်လပ်မှုတွေ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ အဖွဲ့ရဲ့ ဆီးရီးယား နိုင်ငံ အရေး အထူး သံအရာ ရှိ Staffan De Mistura က အစိုးရ အဖွဲ့နဲ့ သူပုန်တွေ အကြား တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နောက်မှာ အခုလို အစားအစာ ထောက်ပံ့ရေး အစီအစဉ်ကို ပြုလုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ